Latest News

Monday, January 30, 2017

ဦးကိုနီ လုပ်ကြံခံရမှု အမြန်ဆုံးဖြေရှင်းပေးရန် ပြည်မြို့တွင် ဆန္ဒပြ

ဦးကိုနီ လုပ်ကြံခံရမှု အမြန်ဆုံးဖြေရှင်းပေးရန် ပြည်မြို့တွင် ဆန္ဒပြ


အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ​ရှေ့​နေ ဦးကိုနီ လုပ်​ကြံ​ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် အမြန်ဆုံး ဖြေရှင်းပေးဖို့ ပဲခူးတိုင်း ပြည်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးတိုင်း၊ ပြည်​မြို့က နိုင်​ငံ​ရေးလှုပ်​ရှားသူ ၁၀ ​ဦးလောက်က ပိုစတာတွေ ကိုင်ဆောင်ပြီး မြို့လယ်​မြင်းစီး​ကျောက်​ရုပ်​​ရှေ့မှာ ၃၀.၁.၂၀၁၇ရက်နေ့ ည​နေ ၄ နာရီထိုး ဦးကိုနီရဲ့ ဈာပနအခမ်းအနား ကျင်းပ​နေချိန်​ အချိန်​ကိုက်​ဆန္ဒပြ ​တောင်းဆိုတာပါ။


ဆန္ဒပြ​တုန်း ၁၅ မိနစ်​လောက်မှာ ပြည်​မြို့မ စခန်းမှူး ဦး​ဆောင်​တဲ့ ရဲတပ်​ဖွဲ့က ဦး​ဆောင်​သူ ကို​ကျော်​​ဆွေကို ရဲစခန်းကို ​ခေါ်​ဆောင်​သွားခဲ့ပါတယ်။

ခွင့်​ပြုမိန့်​မတင်​ဘဲ ဆန္ဒပြတာ​ကြောင့်​ တာဝန်​၀တ္တရားအရ ​ဆောင်​ရွက်​ဖို့ ​ခေါ်​ဆောင်​သွားတာလို့ ပြည်မြို့မ စခန်းမှူးက ဒီဗွီဘီ ကို ပြောပါတယ်။

ဆန္ဒပြပွဲကို ဦး​ဆောင်​သူ ကို​ကျော်​​ဆွေက “ရဲတပ်​ဖွဲ့အ​စောင့်​​တွေ ရှိ​နေပါလျက်​နဲ့ အခုလို ဦးကိုနီကို ​သေနတ်ကိုင်​ပြီးပစ်​သတ်​သွားတာဟာ တရားဥပ​ဒေစိုးမိုးမှု မရှိလို့ဖြစ်​တာ၊ ​နောက်​ပြီး ဒီလူသတ်​တဲ့ တရားခံ​နောက်​ကွယ်​က လက်​မည်းကြီးကိုလည်း ​ဖော်​ထုတ်​ပေးရမယ်၊​ အဲဒါ​တွေ ​တောင်းဆိုပါတယ်​” လို့ ​ပြောပါတယ်​။

မင်းညို
DVB TV News

No comments:

Post a Comment