Latest News

Sunday, January 22, 2017

ဘတ်စ်ကားစနစ်သစ်တွင် မပါဝင်လိုသည့် ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝယ်ယူမည်ဟုဆို

ဘတ်စ်ကားစနစ်သစ်တွင် မပါဝင်လိုသည့် ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝယ်ယူမည်ဟုဆို


ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့သည့် အများပိုင်ဘတ်စ် ကားစုပေါင်းပြေးဆွဲသည့်စနစ်ကို ယာဉ်ပိုင်ရှင်အချို့အနေဖြင့် အ ကြောင်းကြောင်းကြောင့် ပါဝင်လို ခြင်းမရှိတော့ပါက ကာလတန်ဖိုး သတ်မှတ်ကာ တိုင်းဒေသကြီး အစိုးရက ဝယ်ယူ၍ ဆက်လက် ပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းကပြောသည်။


‘‘ဝန်ကြီးချုပ်ကလည်း ယာဉ် ပိုင်ရှင်တွေ အခက်အခဲမဖြစ်ရ အောင် ပြန်ရောင်းချင်တယ်ဆိုရင် ဝယ်မယ်လို့ ပြောထားတယ်’’ဟု ဦးသန်းဝင်းကပြောသည်။

လက်ရှိတွင် အများပိုင် ဘတ်စ်ကားစုပေါင်းပြေးဆွဲသည့် စနစ်၌ ပါဝင်ပြေးဆွဲနေသည့် YBSဘတ်စ်ကားစီးရေသည် ၃,၇၀၀ ကျော်ရှိလာပြီ ဖြစ်သော်လည်း ယာဉ်ပိုင်ရှင်အချို့မှာ တွက်ခြေမကိုက်ကြောင်း ပြောဆိုမှုများရှိ နေသည်။

‘‘ဝင်ငွေကတော့ အရင်စနစ် ထက်စာရင် တော်တော်နည်းသွား တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က တော့ အခြေအနေကြည့်ပြီး ဆက် လုပ်သွားဦးမှာပါ။ လက်ရှိအနေ အထားက စနစ်မငြိမ်သေးတော့ ဘာမှကြိုပြောလို့ မရသေးဘူး’’ ဟု ယာဉ်ပိုင်ရှင် ဦးကျော်လွင်က ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည် ယခုစနစ်သစ်၌ ဘတ်စ်ကားစီးရေ ၄,၀၀၀ ကျော်ဖြင့် ပြေးဆွဲရန် လျာ ထားသော်လည်း ယခုအချိန်ထိ လျာထားချက်ပြည့်မီရန် ယာဉ်စီး ရေလိုအပ်ချက်ရှိနေသေးကြောင်း သတင်းရရှိသည်။

 ပြေးဆွဲရန် ကျန်ရှိသည့် ဘတ်စ်ကားများတွင် အရည်ကျို စာရင်းဝင်ထားသည့် ဒိုင်နာနှင့် ဘီအမ်ယာဉ်အမျိုးအစားများက အများဆုံးဖြစ်ပြီး အဆိုပြုထားကာ ဝင်ရောက် မပြေးဆွဲသေးသည့် ဘတ်စ်ကားကြီး အနည်းငယ်သာ ပါဝင်သည်ဟု ဦးသန်းဝင်းကဆို သည်။

စနစ်အသစ်တွင် ပါဝင်ပြေး ဆွဲခြင်းမရှိသည့် ဘတ်စ်ကားများ သည် စီအင်န်ဂျီထုတ်ယူခွင့် ရပ် ဆိုင်းခံရမည်ဟု ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၄ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားထားသော်လည်း ယခုအချိန် ထိ အရေးယူမှု မပြုလုပ်သေးဟု ဆိုသည်။

 ‘‘အခုထိ ဝင်မဆွဲသေးတဲ့ ကားတွေကတော့ သူတို့ (ယာဉ် ပိုင်ရှင်တွေ) ဆုံးဖြတ်ချက်အတိုင်း ပဲ။ အခုအချိန်မှာတော့ သူတို့ကို အရေးယူထားတာ မရှိသေးဘူး’’ ဟု ဦးသန်းဝင်းကဆိုသည်။

Sources: 7Day News Journal

No comments:

Post a Comment