Latest News

Thursday, January 26, 2017

ဇလွန်မြို့နယ်က အ.ထ.က ရွှေကျောင်းမှာ စာစစ်ဌာန အသစ်ဖွင့်ခွင့်ပြု

ဇလွန်မြို့နယ်က အ.ထ.က ရွှေကျောင်းမှာ စာစစ်ဌာန အသစ်ဖွင့်ခွင့်ပြု

ရန်ကုန် ဇန်နဝါရီ (၂၆)

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ရွှေကျောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှာ ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာန ဖွင့် လှစ်ခွင့် ပြုတယ်လို့ သိရပါတယ်။

” ကိုယ့်ကျောင်းမှာကိုယ်ဖြေရတော့ ကလေးတွေ အတွက် မပင်ပန်းတော့ဘူး၊ မိဘတွေလည်း အဆင်ပြေသွားပါတယ်၊ စာစစ်ဌာန ဖွင့်ခွင့်ရဖို့ ကအမှန်တကယ်လည်း လိုအပ်နေတာပါ ” လို့ေ၇ွှကျောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကကျောင်းအုပ်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ယခုနှစ် အတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျောက်ထားသူဦးရေ က ကျောင်းတွင်းဖြေဆိုသူ (၁၆၀) ဦးနဲ့ အပြင်ဖြေ ဖြေဆိုခွင့် လျောက်ထားသူ (၃၀) ဦးခန့် ရှိပြီး စုစုပေါင်း နှစ်ရာနီးပါး ရှိတယ်လို့ သိရပါတယ်။ ရွေကျောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ ယခင်က ရွှေကျောင်းကျေးရွာနဲ့ လေးမိုင်ခန့်ဝေးတဲ့ မေရီလန်း ရွာကို သွားရောက်ဖြေဆိုရတယ်လို့ သိရပါတယ်။

” အရင် ကတော့ စာမေးပွဲဖြေရင် ထော်လာဂျီတွေငှား ပြီး စာစစ်ဌာန ရှိတဲ့နေရာ ကိုသွားဖြေရတာ၊ ကလေးတွေ အရမ်းပင်ပန်းပါတယ်၊ လူကြီးတွေက တကယ်လိုအပ်ချက်ကို သုံးသပ်ပြီး ချပေးတာပါ ” ဆရာကြီး ဦးရဲထွဋ် ကပြောပါတယ်။

အခုနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုဖို့ စာစစ်ဌာနတွေကို တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ စာစစ်ဌာနပေါင်း (၁၅၀၀) ကျော်ဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။

Sources: : မေသော်တာမောင်(ကုမုဒြာ)

No comments:

Post a Comment