Latest News

Thursday, January 26, 2017

တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ်အသစ် ဝယ်ယူမှု များပြား

တောင်ကြီးမြို့တွင် မော်တော်ဆိုင်ကယ်အသစ် ဝယ်ယူမှု များပြား

(တောင်ကြီး၊ ဇန်န၀ါရီ ၂၆)

တောင်ကြီးမြို့၏ မော်တော်ဆိုင်ကယ်ဈေးကွက်သည် ၂ဝ၁၇ နှစ်ဦးပိုင်းတွင် ယခင်နှစ်လောက်ရောင်းအားမကောင်းဘဲ တစ်ပတ်ရစ်ဆိုင်ကယ်ဈေးကွက် အေးစက်နေပြီး ဆိုင်ကယ်အသစ်များသာ ဝယ်ယူမှုများပြားလျက်ရှိကြောင်း မော်တော်ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
.
''ဒီနှစ်က မနှစ်ကလောက်အရောင်းအဝယ်မဖြစ်ဘူး။ အသစ်ကော၊ အဟောင်းကောပေါ့။ ကျွန်တော်တို့က တစ်ပတ်ရစ်ဆိုင်ကယ်တွေပဲ အရောင်းအဝယ်လုပ်တယ် မော်တော်ဆိုင်ကယ်အသစ်တွေက သူ့ Show Room နဲ့သူရှိတယ်။ တစ်ပတ်ရစ်တွေက ၂ဝ၁၂ကနေ ၂ဝ၁၅ ခုနှစ်ကြားမှာ အရောင်းအဝယ်ကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ကစလို့ အရောင်းအဝယ်အေးလာတာ ဒီနှစ်တော့ပိုဆိုးတယ်ပြောရမလားပဲ။ ပွဲစားဝိုင်းထဲမှာ ရောင်းဘီးတွေက များတယ်။ ဝယ်လက်
တွေက မရှိသလောက်ပဲ။ ခုနောက်ပိုင်းက ကားတွေပေါလာတယ်။ လူငယ်တွေတော်တော်များများကလည်း ဆိုင်ကယ်ဆိုရင် ယိုးဒယားဘီးလောက်ပဲ စီးချင်ကြတယ်။ တရုတ်ဘီးဆို အသစ်ပဲဝယ်စီးကြတာ များတယ်။ ဆိုင်ကယ်အဟောင်းဈေးနဲ့ အသစ်ဈေးနဲ့ ယှဉ်ပြီးပြောရရင် အသစ်ဈေးကွက်က ပိုကောင်းပါတယ်'' ဟု မော်တော်ဆိုင်ကယ်အရောင်း အဝယ်လုပ်ကိုင်သူ ကိုထွန်းမှပြော ကြားခဲ့
သည်။
.
အလားတူ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူကလည်း ''လွန်ခဲ့တဲ့ ၂ လလောက်က မူဆယ်ဘက်မှာ တိုက်ပွဲဖြစ်တော့ ကားလမ်းကြောက ခဏရပ်
သွားတယ်။ ပစ္စည်းမှာလို့မရတဲ့အတွက် ဂိုဒေါင်မှာရှိနေတဲ့ဆိုင်ကယ်
တွေ ဈေးနည်းနည်းပြန်တက်သွားတယ်။ ပြီးရင် တရုတ်ယွမ်ငွေဈေးကလည်း ပြန်မြင့်သွားတာလည်း ပါတယ်။ အခုနောက်ပိုင်း လမ်းကြောပြန်ပွင့်သွားပြီးမှ ဈေးပြန်ငြိမ်သွားတယ်။ ပုံမှန်အနေအထားပြန်ရောက်သွားတယ် ဆိုပေမဲ့လည်း
၂ဝ၁၆ နှစ်ကုန်ပိုင်းလောက် ရောင်းအားမရှိဘူး။ လူငယ်တွေအစီးများ
တဲ့ြှဌ လိုဆိုင်ကယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ၉ သိန်းကနေ ၉ သိန်း
ခွဲရှိတယ်။ အခုလက်ရှိမှာတော့ ၈ သိန်းခွဲကနေ ၉ သိန်းကြားပြန်ဖြစ်
သွားတယ်။ ဈေးပြန်ကျပေမဲ့ အရောင်းအဝယ်ကတော့ အေးပါတယ်''ဟု ပြောကြားခဲ့သည်။
.
၂ဝ၁၆ ခုနှစ်အတွင်း မော်တော်ဆိုင်ကယ်ဈေးနှုန်းများ အ
နည်းငယ်မြင့်တက်ခဲ့သော်လည်းရောင်းအားကောင်းခဲ့ပြီး ၂ဝ၁၇
နှစ်စပိုင်းတွင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် ကျပ်ငါးသောင်းခန့်
ဈေးပြန်ကျသွားကာ အရောင်းအဝယ်မှာ ပုံမှန်ထက် အနည်းငယ်
အေးနေသည်ဟုသိရသည်။ တစ်ပတ်ရစ် ဆိုင်ကယ်ဈေးကွက်သည်
ယခုထက်ပိုမိုဆိုးရွား လာဖွယ်ရှိကြောင်းနှင့် တစ်ပတ်ရစ် မော်တော်ဆိုင်ကယ်ဈေးကွက်တွင် ယိုးဒယားဘီးများသာလျှင် တစ်ခါတရံ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
.
.
Sources: :Kanbawza Tai News Journal

No comments:

Post a Comment