သက်တံလိုအရောင်စုံတဲ့ ယူကလစ်ပင်တွေ
ယူကလစ်ဆီကိုလည်း ဆေးဝါးဖော်စပ်ရာမှာ သုံးပါတယ်။
ဖြောင့်မတ်တဲ့ပင်စည်နဲ့ မြင့်မားစွာပေါက်ရောက်နေတဲ့ ယူကလစ်ပင်တွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ယူကလစ်ပင်ရဲ့အသားကို စက္ကူထုတ်လုပ်ရေးအတွက် ပျော့ဖတ်အဖြစ်သုံးနိုင်သလို အနံ့မွှေးတဲ့ ယူကလစ်ဆီကိုလည်း ဆေးဝါးဖော်စပ်ရာမှာ သုံးကြပါတယ်။
အရောင်အသွေးစုံစုံလင်လင်နဲ့ သက်တံလိုပင်စည်ရှိတဲ့ သက်တံယူကလစ်ပင်တွေကိုတော့ မြင်ရဖို့ခဲယဉ်းပါတယ်။ သက်တံယူကလစ်ပင်တွေကို မင်ဒါနာအို ဂမ် (Mindanao gum) လို့လည်း ခေါ်ပါတယ်။ ပင်စည်ကလွဲရင် ကျန်တာအားလုံးက သာမာန်ယူကလစ်ပင်တွေလိုပါပဲ။ သက်တံယူကလစ်ပင်ရဲ့ ပင်စည်ဟာ အစိမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ ညိုဝါရောင်၊ လိမ္မော်ရောင်တို့လို အရောင်အသွေးစုံလင်တာမို့ တကယ်ကိုလှပတဲ့ သစ်ပင်တွေဖြစ်ပါတယ်။
လှပတဲ့ပင်စည်နဲ့ သက်တံယူကလစ်ပင်တွေဟာ အဓိကအားဖြင့်တော့ အင်္ဂလန်နိုင်ငံ ဟမ်မီစဖီးယားမြောက်ပိုင်းမှာ ပေါက်ရောက်ပြီး ပါပူအာ နယူးဂီနီ၊ အင်ဒိုနီးရှားနိုင်ငံက ဆီယမ်ကျွန်း၊ ဆူလာဝေစီကျွန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုကျွန်းတို့မှာလည်း ရှင်သန်နိုင်ပါတယ်။
ကြီးထွားမှုနှုန်းက အရမ်းကိုမြန်ဆန်ပြီး တစ်နှစ်ထက်တစ်နှစ် နှစ်ဆ ပိုပိုကြီးလာကာ ပင်စည်ရဲ့အချင်းက ၆ ပေ အထိ ဖြစ်လာပါတယ်။ အမြင့်ကလည်း ပေ ၂၀၀ အထက် ကြီးထွားမြင့်မားနိုင်တယ်လို့ သိရပါတယ်။
Source : Tree Huggers : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment