Latest News

Sunday, January 29, 2017

အောင် စိုး မိုး.ပြောပြသည့် ဦးကိုနီ

အောင် စိုး မိုး.ပြောပြသည့် ဦးကိုနီ

ဦးကိုနီ အတွက် ကျွန်တော့ရင်ထဲမွန်းကျပ်နေတယ်
အရမ်းစိတ်မကောင်းလည်းဖြစ်နေတယ်
လွန်ခဲ့တဲ့ ၄ ရက် က မှ ကျွန်တော်နဲ့ grand indonesia က ယိုးဒယားဆိုင်မှာ ထမင်း အတူစားခဲ့ကြသေးတယ်
စကားတွေအများကြီးပြောခဲ့ကြတယ်
သူကပြောတယ် ကိုအောင်စိုးမိုး ခင်ဗျား အတွက်ဂုဏ်ယူပါတယ်တဲ့ ဒါပေမယ့် ခင်ဗျား ဒီထက်ပိုကြိုးစားအုံးဗျာတဲ့ ကျွန်တော့ကို motivate လုပ်သွားသေးတယ်။

ကျွန်တော် Facebook မှာ သူနဲ့ ညစာ စားတဲ့ ပုံလေး တင်ဖြစ်တယ်
အဲ့ပုံလေး ကျွန်တော်တင်ထားတာတောင် သူက သဘောကျလို့ သူ့ ဝေါမှာ ပြန်ရှယ်ထားသေးတယ်
ကျွန်တော်နဲ့ထမင်းစားနေရင်း သူ့ဇနီးဆီက ဖုံးလာလို့ ကျွန်တော်နဲ့တောင် ခဏပြောဖြစ်သေးတယ်
သူ ဇနီး နဲ့ အမျိးတွေ အတွက် လက်ဆောင်ဝယ်ချင်လို့ ဆိုလို့ ကျွန်တော် ၂ ဆိုင် ၃ ဆိုင် လိုက်ပို့ လိုက်သေးတယ်။

မနေ့က ည ကလည်း ပြန်ခါနီး ကျွန်တော့ဆီဖုန်းဆက်ပြီးနုတ်ဆက်တယ်
သူ့ကိုလုပ်ကြံတဲ့လူရဲ့ motive ကိုတော့ ကျွန်တော်မသိဘူး။

ဒါပေမယ့် ဦးကိုနီ ဟာ ဆိုရှယ်မီဒီယာ မှာ ဘင်ဂါလီတွေ ဘက်လိုက်လို့ဆိုပြီး ရစရာမရှိအောင်အဖွခံထားရသူတယောက်
သူကြောင့် မွတ်ဆလင်ဘာသာဝင်တွေ အခွင့်အရေးပိုရလိမ့်မယ် ဆိုပြီးစိတ်ထင်နဲ့မှိုင်းတိုက်တဲ့လူကလည်းတိုက်တယ်
အခုလုပ်ကြံတဲ့လူက ဒါမျိုး  ideology တွေ ဝင်နေတဲ့ အစွန်းရောက် တဦးဖြစ်နိင်တယ်
NLD ကိုမကြိုက်သူလား ဒါလဲစဉ်းစားစရာပဲ။

သူ က NLD ဥပဒေ အကြံပေးဆိုတော့
သူနဲ့ကျွန်တော်နဲ့ ဘာတွေပြောတယ်ဆိုတာကို ကျွန်တော် အစက ရေးဖို့ အစီအစဉ်မရှိဘူး
ဒါပေမယ့်အခုတော့ရေးရတော့မယ်
သူ အင်ဒိုနီးရှားကို ဘာလာလုပ်တာလဲ?
ဟားဗတ် ကနေဒီ လော စကူး ရဲ့ပူးပေါင်းမှုနဲ့ အင်ဒိုနီးရှား နိင်ငံရဲ့ ဘာသာမတူတဲ့လူမှု အသိုင်းအဝန်းတွေကြားမှာ ဘယ်လို ဟန်ချက်ညီညီနေကြလဲ ဆိုတာကို လာလေ့လာတာ
ကျွန်း တကျွန်းကိုသွားကြတယ်။

အဲ့ကျွန်းမှာ ခရစ်ယာန် နဲ့ မွတ်စလင် ၅၀ % ၅၀ % ရှိတယ်
ဒါပေမယ့် သူတို့တွေ သယဇာတရှိစွာနေကြတယ်
ဒါကိုလေ့လာပြီး မြန်မာနိင်ငံမှာ ဘာသာမတူတဲ့ လူ့အဖွဲ့အစည်းတွေကြား ဘယ်လိုနေကြမယ်ပေါ့
သူတို့အဖွဲ့မှာ ရခိုင်ကော်မရှင်ကလူတွေလည်းပါတယ်
အင်မတန်ကောင်းမွန်တဲ့ရည်ရွယ်ချက်ပါ
သူဟာ လွှတ်တော် အမတ်တွေကိုလည်း ခြေဥအကြောင်း ဥပဒေ အကြောင်းတွေကို သင်တန်းပို့ချခဲ့သူပါ။

လွှတ်တော် အမတ်တွေ အဆိုတွေ အဆင်ပြေပြေတင်ကြ ဆွေးနွေးကြ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို နားလည်သွားတာကို သူက အရမ်းပီတိဖြစ်နေပါတယ် သူ့ မျက်လုံးတွေမှာမြင်ရတယ်။

သူဟာ NLD အတွက်သပ်သပ်ချည်းလုပ်နေသူတယောက်မဟုတ်ပဲ အမတ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး လူမှုအသိုင်းအဝန်းများ ဟန်ချက်ညီ ငြိမ်းချမ်းစွာ နေထိုင်နိင်ရေး တို့ကိုပါ အားထည့် လုပ်ကိုင်နေသူတဦးဖြစ်ပါတယ်
ကုန်ကုန်ပြောမယ်ဗျာ
ယနေ့ နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လို ရာထူးမျိုး ပေါ်လာတာ သူ့ရဲ့ ဥပဒေ ပိုင်းဆိုင်ရာ အကြံပေးချက်တွေပါမယ်လို့ ကျွန်တော်ယူဆတယ်။

အဲ့အကြောင်း သူကတော့ထုတ်မပြောပါ
နောက်ပြီးကျွန်တော်သိချင်နေတဲ့ Anti-Trust Law, Competition Law နဲ့ Montreal Convention 1999 အကြောင်းလည်းသူ့ကို မေးဖြစ်တယ်
ပထမ ၂ ခု ကတော့ သူ အကုန်သိတယ်
ကျွန်တော်အံ့အားသင့်သွားတယ်
သူ့ကို ခြေဥ Expert လို့ပဲကျွန်တော်သိထားတာ
Montreal Convention ကတော့လေကြောင်း ကိစ္စဖြစ်လို့ သူ အကြမ်းမျဉ်းပဲပြောသွားတယ်။

Consumer Protection အရေးကြီးတာကိုတော့သူကထောက်ပြတယ်
သူ့ရဲရှေ့လျောက်လုပ်ငန်းစဉ်တွေလည်းနဲနဲပြောသွားတယ်။

သူ ဒီက ပြန်ရင် NLD ကြားဖြတ်ရွေးကောက်ပွဲအတွက် သူလုပ်စရာတွေရှိတယ်တဲ့
NLD အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါ
နောက်တလ ကျ ရင်တော့ အမေရိကန်သွားမယ်
ဝါရှင်တန်ဒီစီ မှာ အခြေစိုက် ပြီး ရက်အတော်ကြာနေမယ်တဲ့
ဟားဗတ် လောစကူး ကို မြန်မာပြည်က ကျောင်းသားလေးတွေနဲ့ သွားမှာ
လူငယ်တွေကို နိင်ငံတကာ မျက်စိပွင့်အောင် လုပ်ပေးချင်တဲ့ capacity building ကို အလေးထားတဲ့ သူ့ စေတနာကိုလည်း မြင်လိုက်ရတယ်။

အမှန်ဆို သူနဲ့ကျွန်တော်မနေ့က ညက ချိန်းမထားသော်လည်း ထပ်တွေ့ဖို့
မနေ့က နေ့ခင်း က gand indonesia မှာ ဂျပန်က ဇနီးမောင်နှံ ၂ ဦးနဲ့ နေ့လည်စာစားပြီး ကျွန်တော် တော်တော်နဲ့ မပြန်ဖြစ်ဘူး
တနင်္ဂနွေနေ့တွေမှာ မနက်ပိုင်းပြေးဖို့ အားကစားဝတ်စုံ လိုက်ရှာနေတာ အချိန်အတော်ကြာသွားပြီး dinner ချိန်တောင်ရောက်သွားတယ်
အစက grand indonesia မှာပဲထမင်းစားပြီးပြန်မလို့
နောက်တော့ ကျွန်တော်ပတ်ရင်းပတ်ရင်းညောင်းလာတာနဲ့ အိမ်ပဲပြန်လိုက်တယ်
အိမ်မရောက်ခင် လမ်းမှာပဲ ဦးကိုနီ ဆီက ဖုန်းဝင်လာတယ်
သူတို့ အခု grand indonesia မှာတဲ့
မနက်ဖြန်ပြန်မယ်ဆိုပြီးနုတ်ဆက်တယ်။

ကျွန်တော်သာ grand indonesia  မှာ ညစာ စားဖြစ်ရင် သူနဲ့ နောက်တခေါက်ထပ်တွေ့သေးတယ်ဗျာ
စိတ်မကောင်းလိုက်တာဗျာ
လုပ်ကြံသူဟာ ကြို တင်ကြံစည်တာ သေချာပါတယ်
သူ ဘယ်နေ့ ဘယ်လေယာဉ် နဲ့ ရောက်မှာကို သိနေတယ်။

ဦးကိုနီရေ နောင်ဖြစ်လေရာ ဘဝ မှာ ခုလို အဖြစ်ဆိုးတွေမကြုံပါစေနဲ့ အစွန်းရောက်တွေနဲ့လည်း မတွေ့ပါစေနဲ့
ကောင်းရာမွန်ရာ ရောက်ပါစေဗျာ။

(ဦးကို နီ အား မကွယ်လွန်မီ လေးရက် က စာရေးသူ ကိုအောင်စိုးမိုး နှင့် အင်ဒိုနီရှားတွင် အတူ တွေ့ရစဉ်)

Sources: : ဥာဏ်လှိုင်း

No comments:

Post a Comment