Latest News

Tuesday, January 17, 2017

အကျဉ်းသားများ သွားပို့သည့် ရဲတပ်သား ၂ ဦး၏ သေနတ် ၂ လက် ပျောက်ဆုံး

အကျဉ်းသားများ သွားပို့သည့် ရဲတပ်သား ၂ ဦး၏ သေနတ် ၂ လက် ပျောက်ဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မရဲစခန်းက သေနတ် ၂ လက်ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်က အကျဉ်းသားတွေသွားပို့ပြီး အပြန်လမ်းမှာ ပြုတ်ကျပျောက်ဆုံးခဲ့တယ် လို့ ဗန်းမောက်မြို့မ ရဲစခန်းက သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ကသာအကျဉ်းထောင်ကနေ မန္တလေးအကျဉ်းထောင်သို့ အကျဉ်းသား ၅၀ ဦး ပို့ပြီး ပြန်လာစဉ် လမ်းမှာ ပြုတ်ကျပြီး ပျောက်ဆုံးနေခဲ့တာပါ။

ဗန်းမောက်မြို့မ ရဲ စခန်းမှ ဒုရဲအုပ် အောင်သန်းက ဆိုင်ကယ် ၁ စီး၊ ရဲတပ်သား ဇော်သက်နဲ့ ရဲတပ်သားဇာနည်ကိုတို့က ဆိုင်ကယ် ၁ စီးဖြင့် စီးနင်းခဲ့ကြပြီး နဘားကနေ ဗန်းမောက်သို့ ပြန်လာ ခဲ့ကြရာ ရဲတပ်သားဇော်သက်နဲ့ ရဲတပ်သားဇာနည်ကိုတို့ ကိုင်ဆောင်တဲ့ အင်္ဂလိပ်ရိုင်ဖယ် ၂ လက် ကျည်မပါ၊ ကျည်အိမ်များ တပ်လျက် ဆိုင်ကယ်အနောက်မှာ ပီနံအိတ်ခွံပတ်ပြီး ကြိုးနဲ့ တုတ်နှောင် သယ်ယူခဲ့ကြရာမှ အင်းတော်မြို့နယ် မြသီတာကျေးရွာ အရောက်မှာ အဆိုပါသေနတ်များ ပါမလာတော့သည်ကို သတိပြုမိခဲ့ပြီး နောက်ကြောင်းပြန်လှည့်ရှာဖွေခဲ့သော်လည်း ကနေ့အချိန်ထိ မတွေ့ရှိခဲ့ဘူး လို့ ဆိုပါတယ်။

ယင်းသေနတ် ၂ လက် ပျောက်ဆုံးနေခဲ့တာနဲ့ ပတ်သက်ပြီး ဗန်းမောက်မြို့နယ်မှူး ဒုရဲမှူး အောင်ကျော်စိုး ဦးစီးသည့်အဖွဲ့နဲ့ အင်းတော်မြို့မရဲ စခန်းမှ ရဲအုပ်သောင်းစိန်ထွန်း ဦးစီးသည့်အဖွဲ့က အင်းတော်မြို့နယ် မြသီတာ ကျေးရွာ တလျောက်မှာ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေကြပါတယ်။

Sources; သတင်း - သီဟဆွေ (ကသာ) ဒီဗွီဘီ

No comments:

Post a Comment