Latest News

Sunday, January 8, 2017

ရန်ကုန်က ဘက်စ်ကားနဲ့ ခရီးသွားနေရတဲ့ ပြည်သူတွေ ထုတ်ပြန်ချက် ပြန်လည်ဖော်ပြပါသည်

ရန်ကုန်က ဘက်စ်ကားနဲ့ ခရီးသွားနေရတဲ့ ပြည်သူတွေ ထုတ်ပြန်ချက် ပြန်လည်ဖော်ပြပါသည်

Yangon bus service (YBS)
အရင်က ယာဉ်လိုင်း၃၀၀ကျော်ရှိခဲ့ရာက
အခုစနစ်သစ်မှာ ယာဉ်လိုင်း၅၈လိုင်းဘဲရှိတော့မှာမို့ စီးစရာ ကားမရှိတော့မှာ စိုးရိမ်ခြင်းမဖြစ်ကြဖို့အသိပေးလိုပါတယ်။

တကယ်တော့ယခင်က ယာဉ်တစီးမှမရှိဘဲယာဉ်လိုင်းယူထားတာ...
ကား လေး/ငါးစီးလောက်နဲ့
ယာဉ်လိုင်းယူထားပြီး ကိုယ့်ယာဉ်လိုင်းထဲ
ဝင်ရောက်ပြေးဆွဲချင်ရင် ဘယ်လောက်ပေးရမယ်ဆိုတဲ့ လုပ်ကွက်တွေကြောင့် ယာဉ်လိုင်းဖောင်းပွမှုတွေဖြစ်ခဲ့တာပါ။

စနစ်သစ်မှာတော့တူညီတဲ့ လမ်းကြောင်းပေါ်မှာ ယာဉ်လိုင်းနံပါတ်တစ်ခုထဲရှိတော့မှာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာအများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ်မကြာမီစတင်ပါတော့မယ်။

တကယ်တော့JICAရဲ့လေ့လာဆန်းစစ်ချက်အရ ရန်ကုန်မြို့မှာနေ့စဉ်အကြောင်းအမျိုးမျိုးနှင့်လမ်းတွေပေါ် သွားလာနေရသူနှစ်သန်းရှစ်သိန်းဝန်းကျင်ရှိပါတယ်။

ကိုယ်ပိုင်ကား၊ တက္ကစီ၊ မီးရထားစီးသူ
အားလုံးခြောက်သိန်းခန့် သတ်မှတ်ရင်
လိုင်းကားအမျိုးမျိုးစီးပြီးခရီးသွားနေရသူ
သိန်းနှစ်ဆယ်ကျော်ရှိပါတယ်။

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ လိုင်းကားစနစ်ကဒီလိုပါ...
မထသဗဟိုအုပ်ချုပ်မှုအောက်မှာရှိတဲ့
ကော်မတီအဖွဲ့ ၁၈ဖွဲ့ ယာဉ်လိုင်းနံပါတ်
၃၀၀ကျော်နဲ့ လုပ်ငန်းလိုင်စင်ယူ
ပြေးဆွဲနေကြပါတယ်..
သက်ဆိုင်ရာမထသနဲ့ယာဉ်အသင်းကို
လိုင်းကြေးဂိတ်ကြေးပေးပြီး
ကိုယ်ရကိုယ်ယူစနစ်နဲ့ပြေးဆွဲနေကြတာပါ..
လက်မှတ်စနစ်ပပျောက်သွားတဲ့
အချိန်မှာယာဉ်ပိုင်ရှင်တွေကလည်း
ကိုယ်မနစ်နာရအောင် ကားကိုပုတ်ပြတ်ပေးတဲ့စနစ်..
နေ့စဉ်အုံနာကြေးရယူတဲ့ စနစ်တွေနဲ့ပြေးဆွဲပါတယ်.
၁၉၈၈မတိုင်ခင်ကရန်ကုန်မြို့တွင်းကနေ
အင်းစိန်ကိုအင်းစိန်လမ်းအတိုင်း
သွားတာ နံပါတ်၈နဲ့၄၈လောက်ရှိခဲ့တာပါ။

အခုချိန် အဲဒီလမ်းကြောင်းပေါ်မှာ ယာဉ်လိုင်းနံပါတ်ဆယ်ခုထက်မနည်းရှိနေပါတယ်။

ဒါကြောင့် ယာဉ်လိုင်းချင်းးယှဉ်ပြိုင်မောင်းပါတယ်.. လိုင်းတူလည်း ကိုယ်ရကိုယ်ယူစနစ်မို့ ကားခြင်းယှဉ်ပြိုင်မောင်းပါတယ်။
ဒီအခါခရီးသည်တွေမှာ စိတ်ညစ်ငြူးစွာ
အသက်ဖက်နဲ့ထုပ်ပြီးစီးကြရတဲ့ အဖြစ်တွေ
ရောက်ကုန်ကြရတာပါဘဲ။

ဒီအဖြစ်တွေကကင်းဝေးပြီးနေ့စဉ်ခရီးသွားလာနေရတဲ့ပြည်သူတွေ စိတ်နှလုံးအေးချမ်းစွာသွားလာနိုင်အောင်...
လမ်းတွေပေါ်မှာအလုအယက်ငရဲမီးလိုက်
သလိုပူလောင်စွာရှာဖွေစားသောက်
နေကြရတဲ့ဘဝတွေမှ လွတ်မြောက်အောင်..
ခရီးသွားပြည်သူတွေ
ယာဉ်ပိုင်ရှင်တွေ
ယာဉ်မောင်းယာဉ်နောက်လိုက်အားလုံး
ကိုယ့်သိက္ခာနှင့်ကိုယ်ရပ်တည်နိုင်အောင်
အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ်ကိုစတင်မှာဖြစ်ပါတယ်။
ဘတ်စကားပိုင်ရှင်တွေအနေနှင့်ကိုယ့်ကားအခြေအနေအရဘယ်လိုပူးပေါင်း ဆောင်ရွက်လို့ရမလဲဆိုတာစုံစမ်းနိုင်ပါတယ်။

ရန်ကုန်မြို့အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပြုပြင်ပြောင်းလဲရန်အတွက်Bus Car မှတ်တိုင်များတွင် ပြည်သူများ
သိရှိနိုင်ရန်ထားရှိပေးမည့်နမူနာ ကြော်ငြာဆိုင်းဘုတ်များထွက်ပါပြီ

YBS ဆိုင်းဘုတ်ထိပ်ပိုင်းတွင်တွေ့ရသည့်နံပါတ်များကမှတ်တိုင်တွင်ရပ်မည့်ယာဉ်လိုင်းနံပါတ်များဖြစ်ပါတယ်

နံပါတ် ၁ မှ ၅၈ ထိက ရန်ကုန်မြို့တွင်း မြို့ပြင် ပြေးဆွဲမည့် ယာဉ်လမ်းကြောင်းများ ဖြစ်ပါသည်

ယာဉ်လမ်းကြောင်း ထပ်တိုး အပြောင်းအလဲရှိနိုင်
********************************
©YGN Transport
Credit

No comments:

Post a Comment