Latest News

Friday, January 20, 2017

ကားတင်သွင်းရာတွင် အမျိုးအစားနှင့် မော်ဒယ် ကွဲလွဲပါက ပြည်သူပိုင် သိမ်းဆည်းမည်

ကားတင်သွင်းရာတွင် အမျိုးအစားနှင့် မော်ဒယ် ကွဲလွဲပါက ပြည်သူပိုင် သိမ်းဆည်းမည်


 ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် ယာဉ်အမျိုးအ စားကွဲလွဲ တင်သွင်းလာခြင်းနှင့် မော်ဒယ်လွဲမှား တင်သွင်းလာ ခြင်းများကို ယာဉ်သိမ်းဆည်းသည်အထိ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)မှ သတင်းရရှိသည်။

‘‘ဥပမာ တိုယိုတာသွင်းမယ် ဆိုပြီး ဟွန်ဒါသွင်းလာတာမျိုးတွေ ကို ကားသိမ်းတဲ့အထိ အရေးယူ သွားမယ်’’ ဟု ကညနမှ လက် ထောက်ညွှန်ကြားရေးမှူးက ပြော ကြားသည်။

ထို့အပြင် ကညနတွင် လာ ရောက်မှတ်ပုံတင်စဉ်  Main Brand ကွဲလွဲခြင်း၊ Sun Brand ကွဲလွဲခြင်း၊ ယာဉ်အမျိုးအစားအုပ်စု ကွဲလွဲခြင်းများကို တွေ့ရှိပါက ကားသိမ်းသည်အထိ အရေးယူမည်ဖြစ် ကြောင်း အထက်ပါညွှန်ကြားရေး မှူးက ပြောသည်။

ယခင်က ကညနသို့ ကနဦး ယာဉ်မှတ်ပုံတင်သည့် ကားများ ထဲမှ ကားအမှတ်တံဆိပ်ကွဲလွဲစွာ တင်သွင်းလာမှုများ စစ်ဆေးတွေ့ ရှိပါက အရေးယူနိုင်ရန် မော် တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီသို့ အချက် အလက်များပေးပို့သည့် စနစ်ကို ကျင့်သုံးခဲ့သည်။

ယခုအခါယာဉ်အမျိုးအစား ကွဲလွဲစွာ တင်သွင်းလာမှုများကို ထိန်းချုပ်ရန် ယခုကဲ့သို့ ကညနမှ တိုက်ရိုက် အရေးယူဆုံးဖြတ် မည့်သဘောဖြစ်သည်။

 ပြည်ပမှ မော်တော်ယာဉ် တင်သွင်းလာမှုတွင် ကွဲလွဲမှုများ ဖြစ်ပေါ်ပါက မော်တော်ယာဉ်ကို ပြည်သူပိုင် သိမ်းယူသည်အထိ ပြစ်ဒဏ် ပြင်ဆင်သတ်မှတ်ရန် ၂၀၁၆ စက်တင်ဘာကတည်းက စီစဉ်ခဲ့ပြီး ယခု ၂၀၁၇ နှစ်ဆန်း ရောက်မှသာ ကျင့်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

 ဘယ်မောင်းအစား ညာ မောင်းယာဉ် တင်သွင်းလာခြင်း၊ Brand New အစားတစ်ပတ်ရစ် ယာဉ် တင်သွင်းလာခြင်း၊ Model Year အောက် အနိမ့်တင်သွင်း လာခြင်း၊ နိုင်ငံကွဲလွဲ တင်သွင်း လာခြင်းများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းနိုင်ရန် သက် ဆိုင်ရာဝန်ကြီးဌာနများက အကြံ ပြုခဲ့သောကြောင့် အဆိုပါ အစီအမံကို အကောင်အထည်ဖော်ခဲ့ ကြောင်း သိရသည်။



Sources: 7Day News Journal

No comments:

Post a Comment