Latest News

Tuesday, January 10, 2017

စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုး (၆) ခု

စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုး (၆) ခု


စိတ်ဖိစီးမှုဟာ သင့်ရဲ့ကျန်းမာရေးအတွက် တကယ်ကို ဆိုးကျိုးပေးတဲ့အရာပါ။ အချိန်ကြာရှည်စွာ စိတ်ဖိစီးမှု ခံစားရလာတဲ့နောက် ခေါင်းလည်းမကြာခဏကိုက်ခဲလာပါတယ်။

အိပ်ပျော်ဖို့လည်းခက်သလို အိပ်ချိန်လည်းမပြည့်တော့ပါဘူး။ ဗြိတိန်ဆရာဝန် ရော်ဂျာ ဟန်ဒါဆင်က စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်မှာ ဖြစ်လာနိုင်တဲ့အရာတွေကို ပြောပြထားပါတယ်။

၁။ အစာခြေစနစ်
အစာအိမ်၊ အူမအတွင်းပိုင်းထဲမှာ ယားယံမှုလိုမျိုး ခံစားရတဲ့လက္ခဏာဟာ စိတ်ဖိစီးမှုနဲ့ ဆက်နွှယ်နေပါတယ်။ စိတ်ဖိစီးမှုက အစာခြေစနစ်ကိုပါ ပုံမှန်မဖြစ်စေတော့ပါဘူး။ ဦးနှောက်က အစာခြေစနစ်နဲ့ ရှုပ်ရှုပ်ထွေးထွေးဆက်နွှယ်နေတော့ စိတ်ဖိစီးကြောင်း ဦးနှောက်ကသိတဲ့အခါ အစာခြေစနစ်ကိုပါ သက်ရောက်သွားတာပါ။

၂။ ချွေးထွက်များခြင်း
ကိုယ့်ဘေးနားမှာ စိတ်ဖိစီးစရာတစ်ခုခု ရောက်နေတယ်ဆိုရင် ချွေးတွေထွက်လာတော့တာပါပဲ။ ပုံမှန်အားဖြင့် ချွေးက ခန္ဓာကိုယ်ရဲ့ အက်ဆရင်ချွေးထွက်ဂလင်းတွေကနေပဲ ထွက်ပါတယ်။ စိတ်ဖိစီးနေရင်တော့ အပိုဆရင်ဂလင်းတွေကနေ အရင်ဦးဆုံးချွေးထွက်လာပါတယ်။

၃။ သွားကြိတ်မိတာ
နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်သလို အိပ်နေရင်းနဲ့လည်း သွားတွေကြိတ်မိနေတာကြောင့်  သွားတွေပျက်စီးနိုင်ပါတယ်။ မေးရိုး၊ ပုခုံးနဲ့ လည်ပင်းက ကြွက်သားတွေ တောင့်တင်းမှုကိုလည်း  ခံစားရပါတယ်။


၎။ ဆံပင်ကျွတ်ခြင်း
စိတ်ဖိစီးမှုကို ကြာရှည်စွာခံစားနေရတဲ့အခါ ဆံပင်တွေကျွတ်လာတော့တာပါပဲ။ စိတ်ဖိစီးမှုဟော်မုန်းတွေက ဆံပင်မွှေးညှင်းပေါက်လေးတွေကို သက်ရောက်စေလို့ပါ။

၅။ အိပ်မပျော်ခြင်း
ဒါကတော့ အသိသာဆုံး လက္ခဏာရပ်ပါပဲ။ စိတ်ဖိစီးမှုနဲ့ အိပ်မပျော်တဲ့ညတွေဟာ တွဲနေတတ်ပါတယ်။ အိပ်မပျော်မှုနဲ့ နှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်မှုကို ခံစားနေရတဲ့ လူတွေကို ဆန်းစစ်ကြည့်ရာမှာမှာ အများစုက စိတ်ဖိစီးမှုတွေများနေလို့ဖြစ်ပါသတဲ့။

၆။ မောပန်းနုံးချိခြင်း
ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်မရှိပါဘူး။ အားအင်တွေကုန်ခမ်းနေသလိုမျိုး ခံစားနေရတာဟာ အိပ်ရေးမဝခြင်းရဲ့ နောက်ဆက်တွဲရလဒ်ကြောင့်ပါ။

Source; Daily Mail/Duwun

No comments:

Post a Comment