အသက် ၄၅ နှစ် အရွယ် နာတယ်လီ ၀ါဒဲလ် ဟာ သူရဲ့ သမီးတွေ နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံကို အင်စတာဂမ်မှာတင်ခဲ့ရာတွေရသူတွေက ညီအမတွေလား ဆိုပြီးမေးကြည့်ကြပါတယ်။
အသက် ၄၅ နှစ် အရွယ် နာတယ်လီက “ လူတွေက ကျွန်မ သမီး အကြီးဆုံး နှစ်ဦး နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံမှာ ကျွန်မကို အမေလိုမထင်ဘဲ သမီးအကြီးဆုံးကို အမေလိုထင်မှတ်နေတယ်။ သမီးအကြီးဆုံး ဂျေမီနီ ဟာ အရပ်ရှည်တာကြောင့် အမေဆိုပြီးထင်တာဖြစ်တယ်။ ကျွန်မတို့ သားအမိသုံးဦးကို မကြာခဏ ညီအမလို့ မှားကြတယ် “လို့ပြောပါတယ်။
သူမမှာ သမီးချည်း သုံးဦးရှိပြီး သမီးအကြီးဆုံးမှာ ဂျေမီနီ ၊ ဒုတိယ သမီးအကြီးဆုံးမှာ တာမီကာ ဖြစ်ပါတယ်။ အဲဒီသမီး နှစ်ဦး နဲ့ နာတယ်လီ ဟာ မတိမ်းမယိမ်းပုံစံရှိနေပြီး ညီအမတွေ ဆိုပြီးထင်မှတ်နေတာဖြစ်ပါတယ်။
သမီးကြီးက ၂၁၊အငယ် ၁၉ရှိပြီး သူ့အသက်က သူ့သမီးကြီးထက် နှစ်ဆလောက်ဖြစ်နေပေမယ့် ညီအမတွေလို့လူတွေကအမြဲတမ်းထင်ကြပါတယ်။သူတို့သားအမိသုံးယောက်ဟာ ရုပ်ရှင်အတူသွားကြည့်ကြတယ်။ကလပ်တွေကိုလည်းအတူသွားလေ့ရှိကြတယ်။
"လူတွေကကျမကို ရှင်ကသမီးတွေနဲ့တူအောင်အတုခိုးပြီးပြင်ဆင်နေတယ်လို့ပြောကြတယ်။ကျမပြောချင်တာက ဒီရွှေရောင်ဆံပင်ရှည်တွေထားတာ ကျမ အသက်၁၅ နှစ်ထဲကပါရှင်။ဒါက မျိုးရိုးဗီဇပါရှင်" လို့ ပြောပါတယ်။
Ref yahoo ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်။

No comments:
Post a Comment