Latest News

Friday, January 13, 2017

လေဖိအားနည်းရပ်ဝန်း အားလျော့သွားလို့ အအေးပိုလာတော့မယ်

လေဖိအားနည်းရပ်ဝန်း အားလျော့သွားလို့ အအေးပိုလာတော့မယ်

ဒေသအများစုမှာ အအေးပိုလာနိုင်တာပါ။

ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အားပျော့ပျက်ပြယ်သွားလို့ မြန်မာနိုင်ငံဒေသတချို့မှာ အအေးပိုလာနိုင်တယ်လို့ မိုးလေ၀သနဲ့  ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဇန်န၀ါရီ ၃ ရက်ကနေ ၁၂ ရက်အထိ ဖြစ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့အရှိန်ကြောင့် လေထုမငြိမ်မသက်ဖြစ်ကာ ပုံမှန်ထက် အအေးလျော့ကျခဲ့ပေမယ့် လေဖိအားနည်းရပ်ဝန်းမရှိတော့တာကြောင့် မြန်မာနိုင်ငံရဲ့ဒေသအများစုမှာ အအေးပိုလာနိုင်တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၁၃ ရက်က ချင်းပြည်နယ် ဟားခါးမြို့မှာ အနုတ်လေးဒီဂရီစင်တီဂရိတ်နဲ့ အအေးဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်၊ရှမ်း၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့မှာ မြူနှင်းတွေ ကျဆင်းနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

Source & Photos : 7DayDaily:Duwun

No comments:

Post a Comment