Latest News

Wednesday, January 25, 2017

တူရကီ သမ္မတ လုပ်ပိုင်ခွင့်ပိုပေးမယ့် ဖွဲစည်းပုံအခြေခံ ပြင်ဖို့ လူထု ဆန္ဒခံယူမည်


တူရကီ နိုင်ငံရဲ့ ရွေးကောက်ပွဲကောက်ပွဲ အမြင့်ဆုံးကော်မရှင်က  ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ့်ရက် ကို အခု သီတင်းပတ်ထဲ ကြေညာသွားမယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။
အခု ပြင်ဆင်မယ်ဖွဲစည်းပုံအခြေခံ ဥပဒေ ဟာ သမ္မတ အာဒိုဂမ် ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အရင်ကထက် ပိုမိုတိုးမြင့်ပေးသွားမှာဖြစ်ပါတယ်။
ဖွဲစည်းပုံအခြေခံ ဥပေဒ ပြင်ဆင်ရေးဆန္ဒခံယူပွဲကို ဧပြီလ ၁ ရက် နဲ့ ဧပြီ ၂၀ ရက်အတွင်း ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ တူရကီ နိုင်ငံ ၀န်ကြီးချုပ် ဘီနာလီ ယီဒရင် က ပြောပါတယ်။
အခု သီတင်းပတ်ထဲ သမ္မတ ဟာ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ သဘောတူခွင်ပြုသွားဖွယ်ရှိနေပြီး ရက်သတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
 အတိုက်ခံပါတီတွေက သမ္မတ အာဒိုဂမ် ကို လုပ်ပိုင်ခွင့် ပိုပေးမယ့် ဖွဲစည်းပုံအခြေခံ ဥပဒေ ဥပဒေ ပြင်ဆင်ပြောင်းလဲမှု ကို ကန်ကွက်ထားပေမယ့်လွတ်တော်အတွင်း အာဏာရပါတီ ကိုယ်စားလှယ်များနေတာကြောင့် အသာရဖို့များနေပါတယ်။
 ပြင်ဆင်ပြောင်းလဲမယ့်ဖွဲစည်းပုံအခြေခံဥပဒေမှာ သမ္မတကို ပါတီလုပ်ငန်းတွေ သာ မက အစိုးရ လုပ်ငန်းတွေ ပါ ပါဝင်လုပ်ကိုင်ခွင် ပြုပေးဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
Ref reuters ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment