Latest News

Wednesday, January 25, 2017

စောင့်ကြည့်ရမည့် ဒီချုပ်၏ လေ့လာစိစစ်ရေးအဖွဲ့

စောင့်ကြည့်ရမည့် ဒီချုပ်၏ လေ့လာစိစစ်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ၀န်ကြီးအချို့အပြောင်း အလဲဖြစ်မည်ဟူသောသတင်းများ ထွက်ပေါ်ပြီးရက်ပိုင်းအကြာတွင် အာဏာရပါတီက အစိုးရအဖွဲ့ဝင် များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို လေ့လာစိစစ်ရန် အဖွဲ့တစ်ခု ဖွဲ့ စည်းပေးခဲ့သည်။

တိုင်ကြားခံရသောမွန်ပြည် နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ပါတီက စစ် ဆေးပြီးသည့်နောက်ခံအခင်းအ ကျင်းတွင် ယင်းအဖွဲ့ပေါ်ပေါက် လာခြင်းဖြစ်သည်။

ထို့အပြင် လွှတ်တော်ကိုယ် စားလှယ်များ တိုင်ကြားစာကော်မ တီသို့လည်း တိုင်ကြားစာတစ်ရာ ကျော်ရောက်ရှိသည့် အခြေအ နေလည်း ဖြစ်သည်။ ယင်းအပြင် လွှတ်တော်ကိုယ်စားလှယ် အချို့ ၏ လူမှုရေးပြဿနာအချို့လည်း ပေါ်ပေါက်ခဲ့သေးသည်။
အစိုးရအဖွဲ့ဝင်များနှင့် လွှတ် တော်ကိုယ်စားလှယ်များ၏ လုပ် ငန်းစွမ်းဆောင်ရည်ကို လေ့လာ နိုင်ရန် ဦးဝင်းထိန်ခေါင်းဆောင် သည့် အဖွဲ့ဝင်ငါးဦးပါလေ့လာ စိ စစ်ရေးအဖွဲ့ကို အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ဇန်န၀ါရီ ၁၉ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့သည်။

တစ်ပါတီအာဏာရှင်စနစ် တွင် ကျင့်သုံးလေ့ရှိသော ပုံစံမျိုး ဟုဝေဖန်မှုများရှိသကဲ့သို့ ၎င်းတင် မြှောက်ထားသောအစိုးရအဖွဲ့ဝင် များကို ပြည်သူရွေးချယ်ထားသော ပါတီက ပြန်လည်စိစစ်ခြင်းအပေါ် အကောင်းမြင်မှုများလည်းရှိနေ သည်။

အဆိုပါအဖွဲ့၏ လေ့လာ တွေ့ရှိချက်ကို အရေးယူမှုအပိုင်း တွင် အစိုးရပိုင်းကို နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်တို့က ဆုံးဖြတ်မည် ဖြစ်ပြီး လွှတ်တော်ပိုင်းဆိုင်ရာကို လွှတ်တော်အကြီးအကဲတို့က ဆုံး ဖြတ်မည်ဖြစ်ကြောင်း ဦးဝင်းထိန် ကပြောသည်။

‘‘ဖြုတ်၊ ထုတ်၊ သတ်လုပ်ဖို့ တော့ မရှိပါဘူး’’ဟု ၎င်းကပြော ကြားသည်။

အစိုးရအဖွဲ့သို့ ပြောင်းသွား သည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ပြီးလျှင် ပါတီတွင် အမြင့် ဆုံးအဖွဲ့အစည်းဖြစ်သော ဗဟို အတွင်းရေးမှူး အဖွဲ့ဝင်သုံးဦးထိ ပါဝင်သော လေ့လာစိစစ်ရေးအဖွဲ့ ၏ သြဇာကို မေးခွန်းထုတ်ရန်ပင် မလိုချေ။

‘‘အစိုးရအဖွဲ့ကတောင် ဦး ၀င်းထိန်ကို ကြောက်ရမယ်ဆိုတဲ့ ပုံစံ’’ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က မြို့နယ်တရားသူ ကြီးတစ်ဦးဖြစ်ခဲ့သူ ဦးသန်းထွန်းက ပြောသည်။

ခြောက်ဦးပါဝင်သောယင်း အဖွဲ့တွင် ပါတီဗဟိုအလုပ်အမှု ဆောင် အတွင်းရေးမှူးအဖွဲ့ဝင် များဖြစ်သော ဦးဝင်းထိန်၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့် မောင်တို့ က အဖွဲ့ဝင်အဖြစ်ပါဝင်နေသည်။

သတင်းစာဆရာ စည်သူ အောင်မြင့်က ယင်းအဖွဲ့ဖွဲ့စည်း ခြင်းကို အကောင်းဘက်က ရှုမြင် သည်။

‘‘ဒါက ပါတီက ပေးတဲ့ သြ ဇာပဲလေ’’ဟု သတင်းစာဆရာ စည်သူအောင်မြင့်ကပြောသည်။

ပါတီဝင်အင်အားမှာတစ်နိုင် ငံလုံးသို့ ဖြန့်ကြက်ထားပြီး ပြည်သူ့ ထောက်ခံမှုအများဆုံးရရှိထား သော ဒီချုပ်အနေဖြင့် အစိုးရအဖွဲ့ ၀င်များနှင့်လွှတ်တော်ကိုယ်စား လှယ်များ၏ လုပ်ငန်းစွမ်းဆောင် ရည်ကို လေ့လာခြင်းမှာ  ဖြစ်သင့် သည်ဟု ရှုမြင်ကြသူများလည်း ရှိသည်။

‘‘ဒါမျိုးက ရှိသင့်တယ်။ အခု လို ပါတီက ဖွဲ့ပေးတာမဟုတ်ဘဲ ပြင်ပက လွတ်လပ်တဲ့ အဖွဲ့တစ်ခု ဖွဲ့ပြီး လေ့လာတာက ပိုကောင်း လိမ့်မယ်’’ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အကြံပြုသည်။

ပါတီတစ်ခုအနေဖြင့်မိမိ ပါတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကို စိစစ်ခြင်း သည်ပြည်နယ်အဆင့်တွင် အစိုးရ နှင့် ပါတီခွဲခြားထားခြင်းမရှိ၍ ပြ ဿနာမရှိနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်တာဝန်ယူခဲ့သူ ဦးရဲထွဋ်က ပြောသည်။

‘‘ပြည်ထောင်စုအဆင့်မှာ တော့ လွှတ်တော်အမတ်တွေကို စိစစ်အကဲဖြတ်လို့ရပေမယ့် အစိုး ရအဖွဲ့ဝင်တွေကို ပါတီက အကဲ ဖြတ်မယ်ဆိုရင်တော့ မေးခွန်း ထုတ်စရာတွေ ဖြစ်လာနိုင်ပါ တယ်။ ပြည်ထောင်စုအဆင့်မှာ သမ္မတကပဲ အစိုးရအဖွဲ့ဝင်တွေကို စိစစ်ခြင်း၊ အရေးယူခြင်း၊ လွှတ် တော်က ပြစ်တင်စွပ်စွဲခြင်းလုပ် လို့ရပါတယ်’’ဟု ဦးရဲထွဋ်ကပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၁၁(က) တွင် ဥပဒေပြု ရေးအာဏာ၊ အုပ်ချုပ်ရေးအာ ဏာနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ ခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းအဖွဲ့ ဖွဲ့စည်းခြင်းမှာ အုပ်ချုပ်ရေးကိုပါတီက၀င်ရောက် စွက်ဖက်သည့် သဘောဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိစွန်းနေသည်ဟု ထင်မြင်မိ ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်က မြို့နယ်တရားသူကြီးတစ်ဦးဖြစ်ခဲ့သူ ဦးသန်းထွန်းကပြောသည်။

‘‘ဒေါက်တာထွန်းဝင်းကိစ္စက သက်သေပဲလေ’’ဟု ၎င်းက ထောက်ပြသည်။

ဒီမိုကရေစီစနစ်သို့ သွား ရာတွင် ပါတီက အစိုးရကို ထိန်း ချုပ်ခြင်းမှာ သဘာဝမကျကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူဆရာ ထက်မြက်ကပြောသည်။

‘‘အစိုးရကို ထိန်းချုပ်ရမှာက လွှတ်တော်ပဲ’’ဟု ၎င်းကပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည် အ စိုးရအဖွဲ့ဝင်ဖြစ်ပြီးနောက် ပါတီ တွင်းသြဇာအညောင်းဆုံးဖြစ်လာ သူ ဦးဝင်းထိန်က အုပ်ချုပ်ရေးတွင် ပါတီက၀င်မစွက်ရဟူသော သ ဘောထားများကို နိုင်ငံရေးလေနှင့် ၀မ်းမကွဲခြင်းဟု ၎င်း၏ ကိုယ် တိုင်ရေးဆောင်းပါးတစ်ပုဒ်တွင် ထေ့ငေါ့ထားသည်။ စွက်ဖက်ရုံ တင်မက ဦးဆောင်ရမည်ဟူ၍ပင် ၎င်းက အတိအလင်းဆိုသည်။

‘‘အစိုးရဖွဲ့တယ်ဆိုရာမှာ လည်း သမ္မတ ဦးထင်ကျော်ကစ ပြီး ပြည်ထောင်စုအဆင့်ဝန်ကြီး များ၊ တိုင်းဒေသကြီး ပြည်နယ် ၁၄ ခုမှာ ၀န်ကြီးချုပ်နဲ့တကွ ၀န်ကြီး အဖွဲ့တွေ ရွေး ချယ်ဖွဲ့စည်းတာ တွေ၊ လွှတ်တော်အသီးသီးကပဲ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ဖွဲ့ စည်းတာတွေ၊ အို... ပြောမဆုံး ပေါင် တောသုံးထောင်ပါပဲ ခင် ဗျာ။ ထပ်ပြောပါရစေ။ သမ္မတ ဦး ထင်ကျော်ကစ၍ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးတစ်ပါးအထိ ရွေး ချယ်အတည်ပြုတာဟာ ပါတီက ပဲ ဖြစ်ပါတယ်ခင်ဗျ။

ဒီဖြစ်ရပ်တွေကို လေ့လာ ဆန်းစစ်ကြည့်ရင် အစိုးရလုပ်ငန်း မှန်သမျှမှာ ပါတီကပဲ ဦးဆောင် တယ်ဆိုတဲ့ အချက်ကို တင်ပြတာ ပါ။ ဒီဖြစ်ရပ်တွေကိုကြည့်ရင် ‘‘အစိုးရအလုပ်ကို ပါတီက၀င် စွက်ဖက်တယ်ဆိုတာ မဖြစ်သင့် ဘူးဆိုတဲ့ဆရာကြီးများ သဘော ပေါက်ကြမယ်လို့ ထင်ပါတယ်’’ ဟု The Voice သတင်းစာတွင် ဖော်ပြခဲ့သော ၎င်း၏ဆောင်းပါး တွင် ရေးထားသည်။

ဒီချုပ်အစိုးရတက်လာပြီး နောက် အစိုးရ၏ စွမ်းဆောင်ရည် ကိုမေးခွန်းထုတ်မှုများ မကြာခဏ ကြုံခဲ့ရသည်။ အစိုးရသက်တမ်း ကိုးလနှင့် ၂၀ ရက်မြောက်တွင်အာ ဏာရပါတီက အစိုးရအဖွဲ့ဝင်များ ၏ စွမ်းဆောင်ရည်ကို လေ့လာ စိစစ်မည့် အဖွဲ့အစည်းတစ်ခု ဖွဲ့ စည်းလိုက်ပြီဖြစ်သည်။

အဖွဲ့၏ စိစစ်တွေ့ရှိချက်များ ကို တင်ပြပြီးနောက် အစိုးရအဖွဲ့ အတွင်းအပြောင်းအလဲများရှိ၊မရှိ ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

Sources: : 7Day News Journal

No comments:

Post a Comment