Latest News

Tuesday, January 24, 2017

မူးယစ်ဆေးဝါးသုံးစွဲနေစဉ် အခန်းမှားဝင်လာခြင်းကို ဝင်ဖမ်းသည်ထင်ပြီး ပြတင်းပေါက်မှ ခုန်ချသူ သေဆုံး

မူးယစ်ဆေးဝါးသုံးစွဲနေစဉ် အခန်းမှားဝင်လာခြင်းကို ဝင်ဖမ်းသည်ထင်ပြီး ပြတင်းပေါက်မှ ခုန်ချသူ သေဆုံး

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ် ကွက်ရှိ မြမန္တလာဟိုတယ်တွင် တည်းခိုနေသည့် အမျိုးသားနှစ်ဦး သည် မူးယစ်ဆေးဝါးသုံးစွဲနေစဉ် အခန်းမှားဝင်လာခြင်းကို ရဲဟု ထင်မှတ်ကာ ပြတင်းပေါက်မှ ခုန်ချရာက တစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


မြမန္တလာဟိုတယ် ပထမ ထပ်ရှိ အခန်းတွင် တည်းခိုနေ သော အဆိုပါ အမျိုးသားနှစ်ဦး သည် ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီက မူးယစ်ဆေးဝါးသုံးစွဲနေစဉ် ၎င်းတို့အခန်းနှင့်ကပ်လျက်အခန်း မှ အခန်းမှားဝင်လာသည်ကို ရဲဝင်လာသည်ထင်မှတ်၍ ဟိုတယ်ပြတင်းပေါက်မှ အမြင့် ၁၅ ပေခန့်ရှိ သမံတလင်းပေါ်သို့ နှစ်ဦးပြိုင် တူခုန်ချခဲ့ရာ ဒဏ်ရာများ ရရှိခဲ့ သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ဆေးကုသမှု ခံယူစဉ် တစ်ဦးသည် ဇန်နဝါရီ ၂၂ ရက်က ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခဲ့ ကြောင်း အမှတ်(၃)နယ်မြေရဲတပ် ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ထိုက် လင်းစိုးက ပြောသည်။

‘‘ဆေးသုံးရင်းနဲ့ ရဲလာတယ် ထင်ပြီး ကြောက်လန့်ပြီး ခုန်ချ တာ။ လားရှိုး တာမိုးညဲဘက်က လို့လည်း ပြောတယ်။ မန္တလေးကို ကျောက်လာဝယ်တယ်။ သူတို့ အခန်းထဲမှာရော၊ ခန္ဓာကိုယ်မှာ ရော မူးယစ်ဆေးဝါးတွေ သိမ်း ဆည်းရမိခဲ့တယ်။ နောက်ထပ် တရားခံကျန်သေးလားဆိုတာ စစ် နေတုန်းပဲ။ ဆေးရုံတက်နေတဲ့ တစ်ဦးကလည်း စကားကောင်း ကောင်းမပြောနိုင်သေးဘူး’’ဟု ရဲအုပ် ထိုက်လင်းစိုးကပြောသည်။

သေဆုံးသူသည် အသက် (၅၄)နှစ်အရွယ်ရှိ တာမိုးညဲဒေသ ပြည်သူ့စစ်ဌာနအဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီရှည်အိတ်ကပ်အတွင်း မှ စိတ်ကြွဆေးပြား ခုနစ်ပြားတွေ့ ရှိခဲ့ကြောင်းနှင့် ကျန်တစ်ဦးသည် ပြည်သူ့စစ်အဖွဲ့ဝင် မဟုတ် ကြောင်း စုံစမ်းသိရသည်။

၎င်းတို့ တည်းခိုခဲ့သည့် အ ခန်းကိုလည်း ဝင်ရောက်စစ်ဆေး ခဲ့ရာ စိတ်ကြွဆေးပြားများ၊ မူး ယစ်ဆေးဝါးသုံးစွဲရာတွင် အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ၊ တ ရုတ်ယွမ်ငွေများ၊ ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိခဲ့သဖြင့် သေဆုံးသူ ဦးဖုံကျောက်ရှင်နှင့် ဦးအိုက်ရွှင်တို့ကို အမှတ်(၃)နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၃၈၊ မူး/စိတ် ပုဒ်မ၁၅/၁၆(ဂ)/၂၁ တို့အရ အမှုဖွင့်ဖမ်းဆီးထားကြောင်း စုံစမ်းသိရ သည်။


Sources: 7Day News Journal

No comments:

Post a Comment