Latest News

Saturday, January 21, 2017

မန္တလေးမြို့တွင် စည်းကမ်းမဲ့ ကြော်ငြာရှင်များအား ဒဏ်ကြေးငွေ တပ်ကာအရေးယူမည်

မန္တလေးမြို့တွင် စည်းကမ်းမဲ့ ကြော်ငြာရှင်များအား ဒဏ်ကြေးငွေ တပ်ကာအရေးယူမည်


မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နမိတ် ၆မြို့နယ်တွင် စည်းကမ်းမဲ့ ကြော်ငြာများရှင်အား ဒဏ်ကြေးငွေ တပ်ကာအရေးယူမည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ထံကသိရသည်။မန္တလေးမြို့တော် သန့်ရှင်းသာယာလှပ ရေးအတွက် သစ်ပင် ဓါတ်တိုင် ဝင်းခြံစည်းရိုးများတွင် ခွင့်ပြုချက်မရှိဘဲ စည်းကမ်းမဲ့ ကြော်ငြာထားသော ဗီနိုင် စတစ်ကာ ကော်ကပ် ကြော်ငြာရှင်များအား ဒဏ်ကြေးငွေ တပ်ရိုက်ကာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

စည်းကမ်းမဲ့ကြော်ငြာရှင်များကို ဒဏ်ငွေတပ်အရေးယူမည့် အစီအစဉ်နှင့် ပတ်သတ်ပြီး "စည်းကမ်း ရှိစေချင်တာရယ် မြို့တော်သာယာလှပစေချင်တာရယ်ကြောင့်ပါ ဘယ်သူ့ကိုမှ အပြစ်ပေး ဒဏ်မတပ်ချင်ပါဘူး ခွင့်ပြုမိန့်တောင်းခံရင် အားလုံးခွင့်ပြုပေးနေပါတယ်"ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာဦးရဲလွင် ၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။ဒဏ်ကြေးငွေများမှာ စတစ်ကာ ကော်ကပ် ကြော်ငြာ အရွယ်အစား အမျိုးမျိုးအတွက် တစ်ချပ်လျှင် ဒဏ်ငွေ ၁၅၀၀ကျပ် နှင့် ပြင်ပလုပ်သားများအား ပေးချေရန် ဖြုတ်သိမ်းခ ၅၀၀ကျပ် ဗီနို်င်းကြော်ငြာ အရွယ်အစား အမျိုးမျိုးအတွက် တစ်ချပ်လျှင် ဒဏ်ငွေ ၂၀၈၅ ကျပ် နှင့် ပြင်ပလုပ်သားများပေးချေရန် ၁၀၀၀ကျပ် နှုန်းထားများဖြင့် ကောက်ယူသွားမည်ဖြစ်သည်။မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နမိတ် ၆မြို့နယ်အတွင်း ကြော်ငြာများ တပ်ဆင်မည် ဆိုပါက ကော်မတီ သို့ ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုမိန့်ရရှိပါက သတ်မှတ်အခွန်ပေးသွင်း၍ သတ်မှတ်နေရာများတွင်သာ တပ်ဆင်ချိတ်ဆွဲ ကြော်ငြာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

Sources: ရတနာပုံသတင်းစာ

No comments:

Post a Comment