Thursday, January 12, 2017
မြောက်ဦး၌ တပ်ရင်းအချုပ်အတွင်း ရဲဘော်တစ်ဦး ကြိုးဆွဲချ သေဆုံး
မြောက်ဦး၌ တပ်ရင်းအချုပ်အတွင်း ရဲဘော်တစ်ဦး ကြိုးဆွဲချ သေဆုံး
မြောက်ဦး၊ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခမရ ၅၄၀ တပ်ရင်းအချုပ်အတွင်း ချုပ်ထားသည့် ရဲဘော်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မြောက်ဦးတပ်နယ်မှ တပ်မတော်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
ယင်းရဲဘော်မှာ အချုပ်ခန်းအတွင်း ခြင်ထောင်ကြိုးကို အသုံးပြု၍ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများက ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
သေဆုံးသူမှာ သံတွဲ (ငပလီမြို့) ခလရ ၅၅ မှ တပ်သားဖြစ်ပြီး ခွင့်မဲ့ပျက်ကွက်ဖြင့် တပ်မှထွက်ပြေးနေစဉ် မြောက်ဦးမြို့နယ်အတွင်း ဖမ်းဆီးရမိသဖြင့် ခမရ ၅၄၀ တပ်ရင်းအချုပ်အတွင်း ချုပ်နှောင်ထားခြင်း ဖြစ်ကြောင်း မြောက်ဦးတပ်နယ်ထံမှ သိရသည်။
မြောက်ဦးမြို့ တပ်ရင်းအတွင်း ချုပ်နှောင်ထားသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်က သွားရောက်တွေ့ဆုံခဲ့သေးကြောင်း သေဆုံးသူ၏ အစ်ကိုဖြစ်သူက ပြောကြားသည်။
Sources; The Voice
မြောက်ဦး၌ တပ်ရင်းအချုပ်အတွင်း ရဲဘော်တစ်ဦး ကြိုးဆွဲချ သေဆုံး
Reviewed by Ar Ti
on
1:05 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment