Latest News

Monday, January 16, 2017

ဘာကြောင့် နေ့တိုင်း သင့်နားရွက်လေး နှိပ်နယ်ပေးသင့်လဲဆိုတာ

ဘာကြောင့် နေ့တိုင်း သင့်နားရွက်လေး နှိပ်နယ်ပေးသင့်လဲဆိုတာ

ယေဘူယျအားဖြင့် ပင်ပန်းနွမ်းလျမှုတွေအတွက် ကျွန်ုပ်တို့ဖြေရှင်းနည်းက ဒါတွေသာ ဖြစ်ပါတယ်။ ကော်ဖီသောက်၊ အားဖြည့်အချိုရည်တွေ သောက် ဒါတွေပဲ ထပ်ခါထပ်ခါ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ် စားသုံးမှုလျော့ချလိုပါက ညနေ ၃နာရီအချိန် လေးလံထိုင်းမှိုင်းနေမှု လုံးဝပျောက်ကင်းစေမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။

ဘာတွေ လုပ်ရမလဲ။ နားရွက်ဖျားလေးတွေကို နှိပ်နယ်ပေးရပါမယ်။ အူကြောင်ကြောင်နိုင်ပေမယ့် ဒါဟာ ရှေးတရုတ်ဆေးပညာမှာ သုံးနေကျဖြစ်ပါတယ်။ ဒီတော့ နောက်တစ်ခါ နေလယ်စာစားပြီးချိန် လေးလံမှု ခံစားရပါက လက်မနဲ့ လက်ညှိုးသုံးလေးဖြင့် နားရွက်အပေါ်ပိုင်းကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးတော့ နားပန်ဘက် တဖြည်းဖြည်းဆင်းပြီး လိုအပ်သလို အဖန်ဖန် ပြန်လုပ်ပေးပါ။

အကျိုးသက်ရောက်ပုံက ဒီလို။ meridian ခေါ် ခန္ဓာကိုယ်ရဲ့ ဆုံချက်နေရာကတဆင့် အားအင်တွေ ထွက်သွားပါတယ်။ နားရွက်တွေဟာ နာဗ်ကြောအဆုံးသတ်နေရာတွေမို့ ဦးနှောက်အတွင်း အလိုအလျောက်တုံ့ပြန်မှုအဓိကနေရာတွေ လှုံ့ဆော်ပေးတယ်လို့ အနောက်တိုင်း ဆေးပညာက ဆိုပါတယ်။

Sources: Photo; trendmyanmar: Search Myanmar

No comments:

Post a Comment