Latest News

Sunday, January 29, 2017

"အန်အယ်ဒီအကြံပေး တရားလွတ်တော်ရှေ့နေ ဦးကိုနီကို မနက်ဖြန် ညနေ လေးနာရီမှာ သဂြိုလ်မည်။ "

"အန်အယ်ဒီအကြံပေး တရားလွတ်တော်ရှေ့နေ ဦးကိုနီကို မနက်ဖြန် ညနေ လေးနာရီမှာ သဂြိုလ်မည်။ "

၂၉၊ဇန်န၀ါရီ၊ရန်ကုန်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ ပစ်ခတ် လုပ်ကြံခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွတ်တော်ရှေ့နေ ဦးကိုနီကို မနက်ဖြန် လေးနာရီ ရေဝေးသုသာန်မှာ သဂြိုလ်မယ် လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ရှေ့နေဦးကိုနီရဲ့ အလောင်းကို မြောက်ဥက္ကလာ ဆေးရုံမှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ လေယာဉ်အတူ စီးလာသူ ၈၈ မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးမြအေးက

"ဆရာဦးကိုနီဖြစ်သွားတဲ့ ကိစ္စက အကြမ်းဖက်မှု ဖြစ်ပါတယ်။ တရားဥပဒေအရ နိုင်ငံသူနိုင်ငံသားတိုင်း ကို အကာကွယ်ပေးဖို့ လိုတယ်လို့ထင်ပါတယ်။ တရား ဥပဒေ အကာကွယ်မဲ့မူကို ဆရာဦးကိုနီ ကိုယ်တိုင် ခံစားသွားရပြီ ဖြစ်ပါတယ်။ တရားခံမိထားပြီ ဖြစ်တဲ့အတွက် တရားဥပဒေ အရ မြန်မြန်ဆန်ဆန် အမူမှန်ဖော်ထုတ်ပေးဖို့ လိုပါတယ်။  တရားမျှတမူပဲ လိုချင်တယ်” လို့ပြောပါတယ်။

တရားလွတ်တော်ရှေ့နေဦးကိုနီ ဟာ လေဆိပ်မှာ ၃နာရီ ၁၅မိနစ်မှာ သေနတ်သမားရဲ့ လုပ်ကြံမှုကိုခံခဲ့ရပြီး ညနေ ၅နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားတယ်လို့ ဦးကိုနီ နေအိမ်က နာရေး ကြေညာချက်မှာ ရေးသား ထားပါတယ်။

ရှေ့နေဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံမှာ ပြန်ကြားရေး ၀န်ကြီးဦးဖေမြင့်၊ ပြည်ထဲရေး ဒုတိယ၀န်ကြီး နဲ့အတူ Senior Leadership Program ကိုသွားတတ်ပြီး အပြန်မှာ အခုလို လုပ်ကြံခံရတာ ဖြစ်ပါတယ်။

Sources: : ၀င်းနန္ဒာ: အေးအေးအောင်(Kumudra)

No comments:

Post a Comment