Latest News

Monday, January 30, 2017

အလုပ်ကြောင့် ကျန်းမာရေးထိခိုက်လာတယ်ဆိုတဲ့ လက္ခဏာ (၇) ခု

အလုပ်ကြောင့် ကျန်းမာရေးထိခိုက်လာတယ်ဆိုတဲ့ လက္ခဏာ (၇) ခု



လူတိုင်းကတော့ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ ဒီလိုအလုပ်လုပ်ရင်းနဲ့ပဲ မိသားစု ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အလုပ်နဲ့ ကိုယ်ပိုင်ဘဝ မျှတမှုမရှိတဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာတတ်ပါတယ်။ အလုပ်ဇော ရှိနေတာကြောင့် ဒီလိုထိခိုက်နေတာကို သတိမထားမိတတ်ပါဘူး။

အောက်ပါလက္ခဏာတွေရှိနေရင်တော့ သင့်အလုပ်ချိန်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။


၁ - ရုပ်ပိုင်းဆိုင်ရာ
အသက်အရွယ် ငယ်ရွယ်သေးပေမဲ့ အားစိုက်လုပ်ရမယ့် လေ့ကျင့်ခန်းတွေဆို မလုပ်နိုင်တော့ပါဘူး။ အရိုးအဆစ်တွေက တောင့်တင်းနေပါတယ်။ အဝလွန်လက္ခဏာတွေနဲ့ အခြားရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာပါတယ်။

၂ - စိတ်ပိုင်းဆိုင်ရာ
မေ့တတ်တာဟာ သာမန်ထက် လွန်လာတာမျိုး ဖြစ်ပါတယ်။ ခုနလေးတင် ပြောခဲ့တဲ့စကားကို မေ့သွားတာ၊ ခုလေးတင်ထားထားတဲ့ ပစ္စည်းကို မေ့သွားတာတွေ အဖြစ်များလာပါတယ်။ ဒီလိုမေ့တတ်တာကို သင်ကိုယ်တိုင်သာမကဘဲ သင်ကိုယ်တိုင်လည်း သတိထားမိတတ်ပါတယ်။


၃ - အပေါင်းအသင်း
မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးဟာ ဝေးကွာလာပါတယ်။ သူတို့နဲ့အချိန်ကုန်တာ နည်းလာပါတယ်။ သူတို့နဲအတူ ဆုံတဲ့အခါ၊ အပြင်မှာ စားကြသောက်ကြတဲ့အခါမျိုးမှာလည်း အလုပ်အကြောင်း စကားဝိုင်းထဲသွင်းလာပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး စိုးရိမ်တဲ့စိတ်ကိုလည်း လျှော့မချနိုင်ပါဘူး။

၎ - ဖိစီးမှု
မပြီးသေးတဲ့ရုံးက အလုပ်တွေကို အိမ်သယ်လာပါတယ်။ အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကွာဟမှုက ကျဉ်းမြောင်းလာပါတယ်။ အပန်းဖြေခရီးထွက်တယ်ဆိုရင်တောင်မှ သင့်အလုပ်အကြောင်း မတွေးဘဲ မနေနိုင်ပါဘူး။ သင့်စကားဆယ်ခွန်းမှာ ခုနှစ်ခွန်းက အလုပ်အကြောင်း ဖြစ်ပါတယ်။


၅ - ဖိအား
အမြဲ ပင်ပန်းသလို ခံစားနေရပါတယ်။ မနက်နိုးလာတဲ့အခါမျိုးမှာ လန်းဆန်းမှု မရှိပါဘူး။ ကော်ဖီသောက်တာများလာပါတယ်။ အာရုံစူးစိုက်ဖို့ ခက်လာပါတယ်။ သင့်ရုပ်ရည် တစ်နှစ်အတွင်း ဆယ်နှစ်လောက်ကြီးသွားသလို ဖြစ်သွားပါတယ်။

၆ - စိတ်ထွက်ပေါက်
သင့်အတွေးတွေမှာ အပြုသဘောမဆောင်တာတွေ များလာပါတယ်။ တစ်ခုခုတွေးရင် အပျက်ဘက်က စတွေးတဲ့အကျင့်တွေ များလာပါတယ်။ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးတွေက သင့်ကို ဒေါသထွက်စေပြီး ဒီလိုဖြစ်နေတာကိုလည်း သင်ကိုယ်တိုင် သဘောမကျပါဘူး။

၇ - စွမ်းဆောင်ရည်ကျ
အလုပ်မှာ အာရုံစိုက်ထားပေးမဲ့ သင့်အလုပ်လုပ်နိုင်စွမ်းဟာ အကောင်းဆုံးမှာ မရှိတော့ဘူးလို့ ခံစားရပါတယ်။ ကြိုးစားဆဲဖြစ်ပေမဲ့ သင်စွမ်းဆောင်ရည်က ယခင်ကနဲ့ မတူတော့ပါဘူး။ သင့်အာရုံစူးနိုင်မှုတွေကိုလည်း သံသယရှိလာပါတယ်။ ကြိုးစားနေပေမဲ့ တစ်ခုခု ဆုံးရှုံးနေတယ်လို့ ခံစားရပါတယ်။



Duwun

No comments:

Post a Comment