Latest News

Saturday, January 7, 2017

" အသိစိတ်ကို ပြောင်းပေးပါ "

" အသိစိတ်ကို ပြောင်းပေးပါ "


သင့်ဘဝတစ်ခုလုံး အပြောင်းအလဲဖြစ်လာဖို့

အသိစိတ်ကို ပြောင်းပေးပါ ။

မဲညစ်ပြီးနေသော အကုသိုလ်စိတ်မှ ၊

ဖြူ စင်သန့်ရှင်းသောစိတ်ဖြင့်

အပြောင်းအလဲ လုပ်နိုင်မယ်ဆိုရင် ၊

သံသရာတစ်လျှောက်လုံး မြင့်မြတ်သူဖြစ်ပြီး ၊

အို နာ သေ ဒုက္ခတွေ သက်သာရာ ရရှိပြီး ၊

မအို မနာ မသေရာ နိဗ္ဗာန်နဲ့ နီးပြီပေါ့ ။

သံသရာတစ်လျှောက်လုံးက

မှားလာခဲ့တဲ့ စိတ်ဆိုး စိတ်မိုက်တွေကို

သိမ်မွေ့သော စိတ်တွေ ဖြစ်ပေါ်လာအောင် ၊

တရားတွေကို နာယူခြင်း ၊ လက်တွေ့ ကျင့်သုံးခြင်း ၊

အလေ့အကျင့်တွေ များများကျင့်သုံးခြင်းဖြင့်

ကိုယ့်စိတ်ကို ဆုံးမ ပြု ပြင်ထားနိုင်ဖို့က ၊

မိမိရဲ့ ပင်ကိုယ်စိတ်၏ အရည်အသွေးကို

မြှင့်တင်ပေးဖို့ အဓိကပါ ။

ကျေးဇူးတော်ရှင် မြောက်ဦးဆရာတော်ဘုရားကြီး
( ပြောင်းလဲချိန်တန်ပြီ မြတ်ယောဂီ )

Sources> Win Zaw Naing

No comments:

Post a Comment