ဘတ်စ်စနစ်သစ် ပြေးဆွဲခြင်းတစ်ပတ်ကျော်လာသော်လည်း ယာဉ်စီးရေမလုံလောက်မှုပြဿနာ မဖြေရှင်းနိုင်သေး
အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲသည့်စနစ် တစ် ပတ်ကျော်လာသော်လည်း စီးရေ မလုံလောက်သည့် အခက်အခဲ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ် ကြောင်း ခရီးသွားများက ပြော သည်။
စနစ်အသစ်တွင် ၀င်ရောက် ပြေးဆွဲသည့် ဘတ်စ်ကားစီးရေ သည် ၃,၈၀၀ ခန့်ရှိလာပြီဖြစ်၍ ယခင်စနစ်ဟောင်းက ပြေးဆွဲခဲ့ သည့် ဘတ်စ်ကားစီးရေနှင့် အရေ အတွက် နီးစပ်လာသော်လည်း ကားလွှတ်သည့်အချိန် ကွာဟ ခြင်း၊ ညဘက်တွင် ပြေးဆွဲသည့် ယာဉ်မရှိတော့ခြင်း စသည့် အ ခက်အခဲများရှိနေသေးသည်ဟု ဆိုသည်။
‘‘နေ့ခင်းပိုင်းတွေမှာလည်း တချို့ကားတွေက ခရီးသည်စောင့် ခေါ်တာ၊ အချိန်ဆွဲပြီး မောင်းတာ မျိုးတွေလုပ်လာတယ်။ အဲဒီလို လုပ်တော့ ကားက ခရီးသည်အ ရမ်းကျပ်သွားတယ်။ အဓိကက တော့ ယာဉ်လုပ်သားတွေလက်ထဲ ပိုက်ဆံကိုင်ထားခွင့်ရတာကြောင့် ဂိတ်ကိုအပ်တဲ့ငွေထက် ပိုရ အောင် ခွင်ရှာလာကြတာ’’ဟု အင်းစိန်မြို့နယ်မှ အမှတ် (၁၁) ယာဉ်လိုင်းစီး ခရီးသည် ကိုထက် ခိုင်က ပြောသည်။
ဘတ်စ်ကားများကို အချိန် ကြာမြင့်စွာ စောင့်ရခြင်း၊ ကျပ် တည်းစွာစီးနင်းရခြင်းနှင့် ညဘက် တွင် ကားရှားပါးခြင်းများသည် ဘတ်စ်ကားစီးရေ မလုံလောက် သေးခြင်းကြောင့်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ပြောကြားထားသည်။
‘‘ဘတ်စ်ကားစီးရေ ပြည့်မီ အောင်တော့ ကြိုးစားနေတယ်။ တစ်ပတ်တာအတွင်း အခြေအနေ ကို ကြည့်ရရင် အခက်အခဲတွေက မျှော်မှန်းထားတာထက် ဖြည်း ဖြည်းချင်းလျော့လာတယ်လို့မြင် တယ်။ လက်ရှိကြုံတွေ့နေရတဲ့အ ခက်အခဲတွေကိုလည်း ကျွန်တော် တို့နေ့စဉ် ပြန်လည်သုံးသပ်နေပါ တယ်။ ပြုပြင်စရာရှိတာတွေကို အမြန်ဆုံးပြုပြင်သွားမှာပါ’’ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိပြေးဆွဲနေသည့် ယာဉ်စီးရေ ၄,၀၀၀ ခန့်ရှိလာ သည်အထိ ယင်းအခက်အခဲများ လျော့ပါးမှုမရှိခြင်းမှာ စီမံမှုပိုင်း ဆိုင်ရာ အားနည်းချက်ကြောင့်ဖြစ် နိုင်ကြောင်း ယာဉ်ပိုင်ရှင်အချို့က ဆို သည်။
‘‘ဂိတ်တွေမှာ စီမံအုပ်ချုပ်မှု က မတူဘူး။ တစ်ဂိတ်ကို မူဝါဒ တစ်မျိုးလိုဖြစ်နေတာ။ အစိုးရ မူ ၀ါဒကိုလည်း ဂိတ်တာဝန်ရှိသူ တွေ မရှင်းပြနိုင်ကြဘူး’’ဟု ယာဉ် ပိုင်ရှင်တစ်ဦးက ပြောသည်။
စနစ်အသစ် စတင်ပြီး တစ် ပတ်ကျော်ကြာသည်အထိ ခရီး သည်အများစုသည် ည ၈ နာရီ နောက်ပိုင်းကစ၍ ဘတ်စ်ကားမရှိ တော့သည့် အခက်အခဲကို မဖြေ ရှင်းပေးနိုင်ခြင်းအပေါ် ဝေဖန် ပြောကြားနေကြသည်။
အများပိုင်ဘတ်စ်ကား စု ပေါင်းပြေးဆွဲသည့်စနစ်ကို ဇန်န ၀ါရီ ၁၆ ရက်က ဘတ်စ်ကားစီး ရေ ၂,၄၀၀ ခန့်ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
Sources: မိုးမင်း ( 7Day News Journal )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment