သွားတိုက်ဆေးကို သွားမတိုက်ဘဲ လုပ်လို့ရတဲ့ အရာ (၈) ခု
၁ - ကော်ဖီ
ကော်ဖီဖိတ်ကျပြီး စားပွဲခင်း စွန်းသွားတာမျိုးအတွက် သွားတိုက်ဆေးကို သုံးလို့ရပါတယ်။ စွန်းသွားတဲ့နေရာမှာ သွားတိုက်ဆေး သုတ်ပေးပြီး ဘရပ်ရှ်တစ်ခုနဲ့ ပွတ်ပေးရုံပဲ ဖြစ်ပါတယ်။
၂ - ငွေထည်
ငွေထည်တွေကို အရောင်တင်မယ်ဆိုရင်လည်း သွားတိုက်ဆေးကို သုံးလို့ရပါတယ်။ ငွေထည်တွေကို သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီးတဲ့အခါ ချက်ချင်းဆေးမပစ်ပါနဲ့။ တစ်ညလောက်ထားပြီး နောက်တစ်နေ့ရောက်မှ ဆေးပစ်ပါ။ အသစ်ဝယ်လာသလို တောက်ပြောင်နေတာ တွေ့ရမှာပါ။
၃ - ဖုန်း
ဖုန်းမျက်နှာပြင်ကိုလည်း သွားတိုက်ဆေးနဲ့ သန့်ရှင်းလို့ရပါတယ်။ မှန်ကာ ကပ်ထားတတ်တယ်ဆိုရင်လည်း မှန်ကာကိုလည်း သွားတိုက်ဆေးနဲ့ သန့်ရှင်းလို့ရပါတယ်။ သွားတိုက်ဆေးနဲ့ပွတ်တိုက်ပေးပြီး စိုစွတ်တဲ့အဝတ်နဲ့ ပြန်သုတ်ပေးရမှာ ဖြစ်ပါတယ်။
၎ - စီဒီပြား
စီဒီခွေပေါ်က အစင်းကြောင်းတွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်ပြီး ဖျက်ပေးလို့ရပါတယ်။
၅ - ခဲခြစ်ရာ
နံရံပေါ်ကခဲတံနဲ့ ဆွဲထားတဲ့ ခြစ်ရာတွေ၊စာတွေ၊ပုံတွေကိုလည်း သွားတိုက်ဆေးနဲ့ ဖျက်လို့ရပါတယ်။ သွားတိုက်ဆေးနဲ့ပွတ်ပြီး ခပ်စိုစို အဝတ်နဲ့ ပြန်သုတ်ပေးရုံပဲ ဖြစ်ပါတယ်။
၆ - ဖိနပ်
ဖိနပ်တွေကိုလည်း သွားတိုက်ဆေးသုတ်ပြီး သန့်ရှင်းပေးလို့ရပါတယ်။
၇ - ဝက်ခြံ
ဝက်ခြံတွေကိုလည်း သွားတိုက်ဆေးက သက်သာစေနိုင်ပါတယ်။ ညဘက်အိပ်ရာဝင်တဲ့အခါ ဝက်ခြံတွေကို သွားတိုက်ဆေးနဲ့ တို့ထားပြီး မနက်မှ ရေနဲ့ဆေးပေးရမှာ ဖြစ်ပါတယ်။ အရွယ်အစားလျော့ကျသွားပြီး သိသိသာသာ သက်သာလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၈ - ရေနွေးပူ
ရေနွေးပူလောင်တဲ့အခါ လောင်တဲ့နေရာကို သွားတိုက်ဆေးသုတ်ပေးရင် သိသိသာသာ သက်သာစေပါတယ်။
Photos & Source: Style Craze:Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment