Latest News

Wednesday, January 25, 2017

ကား ဘီး တစ်ခြမ်းစောင်းမောင်းပြီး ဂင်းနစ်စံချိန်တင်ခဲ့သူ


ကားကို တစ်ခြမ်းစောင်းမောင်းနှင်းဖို့ ဆိုတာ ခက်ခဲမှုများစွာရှိပေမယ် တရုတ်နိုင်ငံသားတစ်ဦးက တော့ ကားကို တစ်ခြမ်းစောင်းမောင်းပြီး ဂင်းနစ်စံချိန် တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကားဘီး ၄ ဘီးအနက် ၂ ဘီး နဲ့သာ ကားကို တစ်ခြမ်းစောင်းပုံစံမျိုးမောင်းနှင်ချိန်မှာ တိမ်းမှောက်မှုတွေ ဖြစ်နိုင်တာကြောင့် အန္တာရယ်ကြီးပါတယ်။
 တရုတ်နိုင်ငံသား ဟန်ယူ ဟာ Mini cooper အမျိုးစား ကား ကို ဘေးတစ်ခြမ်းတည်းနဲ အမြန်ဆုံးမောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
 သူ ဟာ ကားဘေးတစ်ခြမ်းစောင်းပုံစံမျိုးနဲ့ ၄၅မိနစ် နဲ့ ၅၉ စက္ကန့်ကြာမောင်းနှင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဟန် ဟာ အဲဒီအချိန်အတွင်း အကွာဝေး ၂၁ ကီလိုမီတာ ရောက်အောင်မောင်းပြနိုင်ခဲ့တာဖြစ်ပါတယ်။
ကားရဲ့ ညာဖက် ဘီး ၂ ဘီးကိုမြေကြီးနဲ့ မထိဘဲ ဘယ်ဖက် ဘီးတွေ နဲ့သာ မောင်းနှင်ခဲ့တာဖြစ်ပါတယ်။
Ref wg ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment