Latest News

Monday, January 9, 2017

တက္ကသိုလ်ကျောင်းသားမေး အမေစုဖြေ

တက္ကသိုလ်ကျောင်းသားမေး အမေစုဖြေ

တက္ကသိုလ်ကျောင်းသားတစ်ဦး - မင်းမဲ့တိုင်းပြည်ဆိုတာ ရှိပါသလားတဲ့။

ဒေါ်အောင်ဆန်းစုကြည် ။ မင်းမဲ့တိုင်းပြည်ဆိုတာ နှစ်မျိုးနှစ်စားပေါ့လေ။ ပြောရလို့ရှိရင် ဟိုးရှေးရှေးတုန်းက ရှင်ဘုရင်ခေတ်တုန်းက မင်းတစ်ပါးကနေ နိုင်ငံစွန့်သွားလို့ နောက်မင်းတစ်ပါး မတက်ခင် မင်းမဲ့တိုင်းပြည်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့လည်း အသုံးအနှုန်းအရ မင်းမဲ့တိုင်းပြည်ဆိုတာ အစိုးရများမရှိတဲ့ တိုင်းပြည်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ တိုင်းပြည်များကို မင်းမဲ့တိုင်းပြည်လို့ ဆိုပါတယ်။ (လက်ခုပ်သံများ)

နောက်တစ်မျိုးက မင်းမဲ့တိုင်းပြည်လိုမျိုး မဟုတ်ဘူး၊ မင်းမဲ့တိုင်းပြည်တွေလို အစိုးရရှိမှန်းတောင် မသိဘူးဆိုတာ ကမောက်ကမ ဖြစ်နေတာကို ဆိုလိုတာ မဟုတ်ဘူး။ `အစိုးရအနေနဲ့ သူ့ရဲ့ အလုပ်ကို ပီပီပြင်ပြင် ကျစ်ကျစ်လျစ်လျစ် ကုပ်ကုပ်ကလေးနဲ့ လုပ်သွားတဲ့အခါကျ တော့ လူထုက သူတို့လိုချင်တဲ့ ဆန္ဒတွေသာ ပြည့်သွားတယ်။ ဘယ်သူတွေက ကြိုးဆွဲပြီး ဘယ်သူတွေက ဘာလုပ်နေတယ်၊ ဘယ်သူကနေ အုပ်ချူ ပ်နေတယ်လို့ စိတ်ထဲမှာ ဘယ်လိုမှမရှိဘူး´ (လက်ခုပ်သံများ)

`အစိုးရဟာ ပြည်သူလူထုရဲ့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် အေးအေးဆေးဆေး ကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်သွားတဲ့ အနေအထားမျိုးကို´ ပြောတာပါ။ ဒါကြောင့်မို့ "အကောင်းဆုံးအစိုးရဆိုတာ အစိုးရရှိမှန်းတောင် ပြည်သူက မသိတဲ့ အစိုးရကို ပြောတာပါ" (လက်ခုပ်သံများ)

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုနှင့် အမေးအဖြေများ

Sources; Aung Kyaw Moe - from People's Democracy

No comments:

Post a Comment