Latest News

Wednesday, January 25, 2017

စင်ကာပူပို့မည့် တရားမဝင်ကျွန်းသစ် ၂၄ တန်နှင့် ပတ်သက်၍ ကုမ္ပဏီတစ်ခုကို စစ်ဆေး

စင်ကာပူပို့မည့် တရားမဝင်ကျွန်းသစ် ၂၄ တန်နှင့် ပတ်သက်၍ ကုမ္ပဏီတစ်ခုကို စစ်ဆေး



ဆိပ်ကမ်းတွင် ကွန်တိန်နာနှစ်လုံးဖြင့် သယ်ဆောင်လာသော ကျွန်းသစ်များ (ဓာတ်ပုံ − Forest Department )
စင်ကာပူနိုင်ငံသို့  တင်ပို့မည့် တရားမဝင် ကျွန်းသစ်ခွဲ ၂၄ တန် ဆိပ်ကမ်းတွင် ဖမ်းမိခြင်းနှင့် ပတ်သက်၍ မြန်မာ ကုမ္ပဏီတစ်ခုကို  စုံစမ်းစစ်ဆေးမှုများပြုနေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီသည် စင် ကာပူနိုင်ငံသို့ မြန်မာကျွန်းသစ် များ တင်ပို့နေသည့်ကုမ္ပဏီဖြစ်ပြီး ပိုင်ရှင်အမည်ကို သစ်တောဦးစီး ဌာနက တရားဝင်ထုတ်ပြန်ခြင်း ခြင်း မရှိသေးပေ။ မြန်မာ့စက်မှု ဆိပ်ကမ်းတွင် ဖမ်းဆီးရမိသည့် တရားမဝင် ကျွန်းသစ်ခွဲသားများသည် ယင်းကုမ္ပဏီအမည်စာရင်းပေး ထားသောသစ်များဖြစ်သည်။

‘‘အဲဒီသစ်တွေကို စစ်တော့ သစ်တောစည်းတံဆိပ်မပါဘူး။ ကုမ္ပဏီကိုတော့ ခေါ်စစ်နေတယ်။သူတို့ဘက်ကတော့ နိုင်ငံခြားတင် ပို့မှုတွေကို ကိုယ်စားလှယ်တစ် ယောက်ဆီမှာ အပ်ထားတယ်လို့ ပြောတယ်။ အခုလောလောဆယ် တော့ စစ်ဆေးနေတုန်းဖြစ်လို့ အ ကုန်ပြောလို့မရသေးဘူး’’ဟု ရန် ကုန်တိုင်းဒေသကြီး သစ်တောဦး စီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွန်းက ပြောသည်။

အဆိုပါကုမ္ပဏီသည် ကုန် သွယ်ရေးလိုင်စင်ထုတ်ကုန်ကြေ ညာလွှာကို လျှောက်ထားပြီဖြစ် သော်လည်း သစ်တောဦးစီးဌာန၊ ပြည်ပပို့သစ်တောထွက်ပစ္စည်း၊ စိစစ်ထောက်ခံရေးအဖွဲ့သို့ ကုန် သေတ္တာထည့်သွင်းလျှောက်ထား ခြင်းမရှိဘဲ သစ်တောထောက်ခံ ချက်ပါစာရင်းနှင့် ကိုက်ညီမှုမရှိ သော ကျွန်းခွဲသား ၂၄ တန်ကို ကွန်တိန်နာနှစ်လုံးဖြင့် စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် ပြင်ဆင်ခဲ့သည်။  လူတွေ့စစ်ဆေးမေးမြန်းမှု များကို ဇန်နဝါရီ ၂၅ ရက်ကစ၍ ဆက်တိုက်ပြုလုပ်နေ၍ လာမည့် သုံးရက်အတွင်း အပြစ်ပေးအရေး ယူမှုများ ဆောင်ရွက်မည်ဟု ပူး ပေါင်းဖမ်းဆီးမှုတွင် ပါဝင်သူများ က ပြောသည်။

‘‘ဒီသစ်တွေက ပိုင်ရှင်မဲ့တွေ မဟုတ်ပါဘူး။ ပတ်သက်ဆက် နွှယ်သူတွေကို စစ်ဆေးမေးမြန်း နေလို့ ပိုင်ရှင်ကတော့ ပေါ်မှာပါ။ အခု စစ်ဆေးနေပါတယ်’’ဟု သစ် တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက ပြော သည်။  သစ်တောဦးစီးဌာနက ဆိပ် ကမ်းဝင်းအတွင်း သင်္ဘောတင် မည့် နေရာများတွင် ရှောင်တ ခင်ဝင်ရောက်စစ်ဆေးချိန်၌ အ ဆိုပါသစ်များသည် X-Ray ဖြတ်ခြင်း၊ အကောက်ခွန်ယာယီစည်း တံဆိပ်ခတ်ထားခြင်း၊ သင်္ဘော လိုင်းစည်းခတ်ထားခြင်း စသည် တို့ ဆောင်ရွက်ပြီးဖြစ်ကာ မြန်မာ့ စက်မှုဆိပ်ကမ်းသို့ ရောက်ရှိနေ သည်မှာ လေးရက်ခန့်ရှိပြီဟု ဆို သည်။

စင်ကာပူနိုင်ငံသည် မြန်မာ နိုင်ငံမှ သစ်အများဆုံး ဝယ်ယူ သည့်နိုင်ငံဖြစ်ပြီး ယင်းနိုင်ငံမှတစ် ဆင့် ဥရောပနှင့် အမေရိကသို့ မြန်မာသစ်များ ဖြန့်ချိလျက်ရှိ သည်။ Environmental Investigation Agency(EIA)အဖွဲ့က ဥရောပနိုင်ငံများတွင် အထောက်အထားမပြနိုင်သည့် မြန်မာနိုင်ငံမှ သစ်များ အများအပြား ဝင်ရောက်နေသည်ဟု ၂၀၁၆ စက်တင်ဘာက သတင်းထုတ်ပြန် ခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ပြီး တစ်လခန့်တွင် ဆွီဒင်တရားရုံးက တရားမဝင် မြန်မာသစ်များ ရောင်းဝယ် ဖောက်ကားခဲ့သည့် သစ်ကုန်သည်တစ်ဦးကို အရေး ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။



Sources: : 7Day News Journal

No comments:

Post a Comment