Sunday, January 22, 2017
ရှေ့မှကားအား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်နှင့် တိုက်မိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့၊အမှတ် ၂ ရပ်ကွက်၊ ကျောင်းကုန်း ကျုံပျော်ကားလမ်း တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
အမှုမှာ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ကျောင်းကုန်း ကျုံပျော် ကားလမ်း၊အမှတ် ၂ ရပ်ကွက်၌ 3H/-----------Light Truck အဖြူရောင် ယာဉ်သည် ၄င်း၏ယာဉ်ကြောအတိုင်း မောင်းနှင်လာစဉ် နောက်မှလားရာတူ ဟိန်းထက်အောင် မောင်းနှင်လာသော ၄၀ယ/----------- Honda. Wave 110 ဖြူ / ပြာရောင်ဆိုင်ကယ်မှ ကားအား ကွေ့ဝိုက်ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ မိုးမင်းအောင် မောင်းနှင်လာသော နံပါတ်မပါ KENBO 110 အနက်ရောင်ဆိုင်ကယ်တို့ လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိချင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်များ လဲကျသွားကာ မိုးမင်းအောင်သည် စိုးမြင့် မောင်းနှင်လာသောကား၏ ဝဲဘက်ဘီးအောက်သို့ ရောက်ရှိကြိတ်မိကာ ဆိုင်ကယ်မောင်းနှင်သူနှစ်ဦးစလုံးတွင် ဒဏ်ရာများအသီးသီး ရရှိသွားခဲ့သည်။
ရဲလုပ်ထုံးလုပ်နည်းများအတိုင်း ပြုလုပ်ကာ ဒုရဲအုပ် ဝင်းမင်းသန်းမှ တရားလိုပြုလုပ်၍ ဟိန်းထက်အောင်၊ မိုးမင်းအောင် နှင့်စိုးမြင့် တို့သုံးဦးစလုံးအား ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၁၆၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရှေ့မှကားအား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်နှင့် တိုက်မိ
Reviewed by timeayeyar
on
8:57 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment