ရဲအရာရှိများကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပေး
(ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)
ရန်ကုန်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အစီအစဉ်ဖြင့် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်းကို ဇန်နဝါရီလ ၂၅ ရက် နှင့် ၂၆ ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး သင်တန်းခန်းမတွင် ပြုလုပ်လျက် ရှိသည်။
အဆိုပါ အလုပ်ရုံ သင်တန်းကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၉ နာရီက စတင် ဖွင့်လှစ်ခဲ့ပြီး ယင်းသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးရှိ ရဲအရာရှိ ၅၀ ဦး တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ရဲတပ်ဖွဲ့အနေဖြင့် ရဲလုပ်ငန်း စနစ်ကို ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ပြောင်းလဲ ကျင့်သုံးရာတွင် လူ့အခွင့်အရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းသား အရာရှိများမှ လက်တွေ့လုပ်ငန်း နယ်ပယ်တွင် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် လူ့အခွင့်အရေးများကို မထိခိုက်စေဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ အချိုးညီစွာ ကျင့်သုံး ဆောင်ရွက်နိုင်ရန် အဆိုပါ သင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ဆိုသည်။
Sources: : The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment