Latest News

Wednesday, January 25, 2017

တောင်ကိုရီးယားနိုင်ငံသား သတ်ဖြတ်ခံရမှု ဖိလစ်ပိုင် တောင်းပန်

တောင်ကိုရီးယားနိုင်ငံသား သတ်ဖြတ်ခံရမှု ဖိလစ်ပိုင် တောင်းပန်

တောင်ကိုရီးယားနိုင်ငံသားတဦးကို မနီလာမြို့မှာ ဖိလစ်ပိုင်ရဲတွေက
သတ်ဖြတ်ခဲ့မှုအတွက် ဖိလစ်ပိုင်အစိုးရက တောင်ကိုရီးယားအစိုးရနဲ့
သက်ဆိုင်ရာမိသားစုကို မနေ့က တောင်းပန်လိုက်ပါတယ်။

အဲဒီ တောင်ကိုရီးယားနိုင်ငံသား Jee Ick Joo ဂျီး အစ်ကျူ ဆိုသူကို
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်
မူးယစ်တိုက်ဖျက်ရေးအရာရှိတွေက ဖမ်းဝရမ်းအတုနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကာ ပြန်ပေးဆွဲငွေတောင်းပြီးနောက် သတ်ဖြတ်ခဲ့ပါတယ်။ သူ့ကိုသတ်ပြီးနောက်ပိုင်းမှာ
သူ့ဇနီးထံကငွေကိုလည်း ရဲတွေက ယူခဲ့သေးတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ ပြောခွင့်ရသူက ဒီအမှုအတွက် ရဲအရာရှိ ၂ ဦးအပါအဝင်
ဖမ်းဆီးထားသူတွေကို တရားဥပဒေအရ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်
အပြစ်ပေးမယ်လို့ ပြောပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲကို ရာထူးက နုတ်ထွက်ဖို့
တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် သမ္မတ Duterte က သူ့ကို
ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

( ဓါတ်ပုံ - အသတ်ခံရတဲ့ တောင်ကိုရီးယားနိုင်ငံသား Jee Ick Joo ပုံ )

Sources: RFA

No comments:

Post a Comment