Latest News

Sunday, January 22, 2017

မွန်လူမျိုး ဘောလုံးပါရမီရှင်လေး နွမ်ပီးက မြန်မာပြည်မလာချင်ဟု ထိုင်းမီဒီယာ ရေးသားဖော်ပြ

မွန်လူမျိုး ဘောလုံးပါရမီရှင်လေး နွမ်ပီးက မြန်မာပြည်မလာချင်ဟု ထိုင်းမီဒီယာ ရေးသားဖော်ပြ

ထိုင်းနိုင်ငံရောက် မွန်လူမျိုးမြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကနေ မွေးဖွားခဲ့တဲ့ ဘောလုံးပါရမီရှင် လူငယ်လေးဟာ ထိုင်းလက်ရွေးစင်အသင်း ကစားသမားသာ ဖြစ်ချင်နေတယ်လို့ ဆိုကြောင်းထိုင်းနိုင်ငံ မီဒီယာအချို့က ဖော်ပြလိုက်ပါတယ်။
-
နွမ်ပီးဆူဝင်းလို့ခေါ်တဲ့ အသက် ၇ နှစ်အရွယ် ဘောလုံးပါရမီရှင်လေးဟာ ထိုင်းဖျော်ဖြေရေးရုပ်သံအစီအစဉ်တွေကတဆင့် လူမှုကွန်ယက်နဲ့ အင်တာ
နက်မှာ  နာမည်ကျော်လာခဲ့တာပါ။ ဂိုးဘားတန်းကို သုံးကြိမ်တိုင်တိုင် ဆက်တိုက်ထိအောင်ကန်နိုင်တဲ့ နွမ်ပီးဟာ တောက်ပတဲ့အနာဂတ်
ဘောလုံးသမားဘဝကို ပိုင်ဆိုင်ထားသူလို့ ထိုင်းမီဒီယာတွေက ရေးသား
ထားကြပါတယ်။ နွမ်ပီးဟာ မြန်မာနိုင်ငံက ကမ်းလှမ်းချက်တွေကို  လက်မခံ
ပဲ ထိုင်းမှာသာ ဆက်နေချင်တယ်လို့ ပြောနေကြောင်း ဘန်ကောက်ပို့စ်
သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
-
နွမ်ပီးကို အခမဲ့ဘောလုံးအကယ်ဒမီတက်ခွင့်ရအောင် စွမ်းဆောင်ပေးထား
တဲ့ နည်းပြ ဆွမ်ဘက်ဟာ နွမ်ပီးကို ပထမဆုံး ဘောလုံးပညာသင်ကြား
ပေးခဲ့သူဖြစ်ပါတယ်။ မစ္စတာဆွမ်ဘက်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ Inter Thailand ဘောလုံးအကယ်ဒမက အကြီးအကဲတစ်ဦးဖြစ်သလို ဘောလုံးနည်းပြ
တစ်ဦးလည်းဖြစ်ပါတယ်။
-
" ပုံမှန်ဆိုရင် ကျွန်တော်က အသက် ၇ နှစ်အောက်တွေကလေးတွေကို လက်ခံလေ့မရှိဘူး။ အဲဒီအရွယ်က လေ့လာသင်ယူဖို့ ငယ်သေးတယ်လေ။ ဒါပေမယ့် နွမ်ပီးကတော့ ကျွန်တော့်ခံယူချက်မှားကြောင်း သက်သေ
ပြခဲ့ပါတယ်" လို့နည်းပြဆွမ်ဘက်က ပြောပါတယ်။ နွမ်ပီးက ဘောလုံး
ကစားချင်တယ်လို့ ဆွမ်ဘက်က ပြောတုန်းကဆိုရင် ဆွမ်ဘက်က "မင်း ဘောလုံးကို ဆယ်ချက်တိတိ မြေပေါ်မကျအောင် တော့ပ်ကစားနိုင်ရင် ငါမင်းကိုသင်ပေးမယ်"  လို့ ပြောခဲ့တာဖြစ်ကြောင်း သိရပါတယ်။
-
နွမ်ပီးဟာ သူတွေ့ဖူးတဲ့ ဘောလုံးသမားတွေထဲမှာ အကောင်းဆုံးလူငယ်
ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း နည်းပြဆွမ်ဘက်က ဝန်ခံခဲ့ပါတယ်။
" ထိုင်းလက်ရွေးစင်အသင်းမှာ ကစားဖို့က ကျွန်တော်ရည်မှန်းချက်ကပါ။ ဒီအတွက် ဘာမဆို လုပ်မှာပဲ" လို့ နွမ်ပီးက ပြောကြောင်း ဘန်ကောက်
ပို့စသတင်းစာက ဖော်ပြပါတယ်။ ဒါပေမယ့် နွမ်ပီးဟာ ထိုင်းနိုင်ငံသား မဟုတ်တဲ့အတွက် ထိုင်းလက်ရွေးစင်ဘောလုံးအကယ်ဒမီကို တက်ရောက်ဖို့နဲ့ ထိုင်းလက်ရွေးစင်ဖြစ်လာဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ မြန်မာပြည်ဘောလုံးအသင်းတွေက နွမ်ပီးကို ဆက်သွယ်ကမ်းလှမ်း
ပြီးမြန်မာနိုင်ငံ ပြန်လာဖို့ တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ဥပဒေအရ ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးလေ့
မရှိဘူးလို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူ မစ္စတာ ဆူရာပေါင်းက ပြောပါတယ်။
-
" ကျွန်တော်တို့နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်တဲ့သူတွေ
အတွက် ဥပဒေပြင်ဆင်ရေးဆွဲနိုင်ဖို့ မျှော်လင့်ပါတယ်။ အခုအဖြစ်အပျက်က သက်သေပဲလေ။ ဒီနှစ်လယ်လောက်မှာ ဥပဒေပြင်နိုင်ရင်ကောင်းတာပေါ့" လို့ မစ္စတာ ဆူရာပေါင်းက ပြောပါတယ်။ ထိုင်းနိုင်ငံသားအဖြစ် ခံယူဖို့လျှောက်
ထား သူတွေဟာ အသက်  ၁၈ နှစ်ပြည့်ဖို့လိုအပ်ပြီး ပညာရေး
ဘွဲ့တစ်ခုခု ရထားဖို့လည်း လိုပါတယ်။
==========
Source  - Bangkok (www.duwun.com)

No comments:

Post a Comment