Latest News

Thursday, January 26, 2017

ရန်ကုန်မြို့ ဧရိယာအတွင်း ဂျာမနီလုပ် လမ်းသန့်ရှင်းရေး စက်များ အသုံးပြုဆောင်ရွက်ရန် စီစဉ်နေ

ရန်ကုန်မြို့ ဧရိယာအတွင်း ဂျာမနီလုပ် လမ်းသန့်ရှင်းရေး စက်များ အသုံးပြုဆောင်ရွက်ရန် စီစဉ်နေ


ရန်ကုန် ဇန်နဝါရီ ၂၅

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) မှ ပထမဆုံးအဖြစ်ဂျာမနီနိုင်ငံလုပ် မြို့ပြလမ်း သန့်ရှင်းရေးစက် City Master 1250) များဖြင့် ရန်ကုန်စည်ပင်သာယာ ဧရိယာအတွင်း ရှင်းလင်းဆောင်ရွက် သွားရန် စီစဉ်နေကြောင်း သိရသည်။

ထိုအဆင့်မြင့် မြို့ပြလမ်းသန့်ရှင်းရေးစက်များ၏ စွမ်းဆောင်ရည် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ ခွဲတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ဝင်း၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဌာနမှူး ဦးချိုထွန်းအောင်နှင့် တာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံ Hako Group မှ မြို့ပြလမ်းသန့်ရှင်းရေးစက်များ တင်သွင်းခွင့် တင် ဒါအောင်သော အောင်ကမ္ဘာကုမ္ပဏီ တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်များ၏ စွမ်းဆောင်ရည်လက်တွေ့ သရုပ်ပြသ မှုများ ကို ကြည့်ရှုကြသည်။

အဆိုပါစက်၏ အလေးချိန်သည် ၂ ဒသမ၆ တန်ရှိပြီး ဒီဇယ်အင်ဂျင် ၂ ဒသမ ၂စီစီပါဝါရှိကာ အမှိုက်များကို တစ်နာ ရီလျှင်ရှစ် မိုင်နှုန်းဖြင့် သန့်ရှင်းရေး လုပ်နိုင်သည်။

ထိုစက်ဖြင့် မြို့ပြလမ်းမများပေါ်ရှိ အုတ်ခဲငယ်များ၊ အမှိုက်များ၊ ဖုန်၊ သဲ၊ ပုလင်းကွဲနှင့် အစိုင်အခဲများ၊ အရည် များ၊ ကွမ်းတံတွေးများကို စက်မှထွက်ရှိသောရေများဖြင့် ပက်ဖျန်း၍ Brush Diameter ဖြင့် တစ်မိနစ်လျှင် အကြိမ် ရေ ၂ဝဝ နှုန်းလည်ပတ်ကာရှင်း လင်းသန့် စင်ပေးနိုင်သည်။ ယင်းစက်သည် သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက် နေချိန်တွင် အသံဆူညံမှု မရှိဘဲ လုပ်ဆောင်နိုင်ကာ စက်တစ် လုံးလျှင် တန်ဖိုးငွေကျပ် သိန်း ၁ဝဝဝ ကျော်ရှိကြောင်း သိရသည်။

Sources: : မြ၀တီ

No comments:

Post a Comment