Byချစ်ဝိုင်းသက်ဆွေOn
ပုသိမ်ပညာရေးကော လိပ်တွင် ပထမနှစ် သင်တန်း တက်ရောက်မည့် သင်တန်းသား များအတွက် အရည်အချင်းသတ် မှတ်ချက်၌ မသန်စွမ်းများအား ခွဲ ခြားဆက်ဆံရာရောက်သည့်အ ချက်များ ပါဝင်နေခြင်းအပေါ် မ သန်စွမ်းအဖွဲ့များနှင့် ပညာရေးအ သိုင်းအ၀ိုင်းက ဝေဖန်နေကြ ကြောင်း သတင်းရရှိသည်။
၂၀၁၆ နိုဝင်ဘာအတွင်းက ပုသိမ်ပညာရေးကောလိပ်၌ တက်ရောက်သင်ယူမည့် သင်
တန်းသားများခေါ်ယူရာတွင် အ ချက်ခုနစ်ချက်နှင့် ကိုက်ညီမှုမရှိ ပါက
သင်တန်းသားအဖြစ် လက် ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့ သည့် အကြောင်းကြားစာသည်
ယခုရက်ပိုင်းအတွင်း လူမှုကွန် ရက်၌ ပျံ့နှံ့လာခဲ့သည်။
‘‘ဒါက ပညာရေးကောလိပ် က လုပ်တာမဟုတ်ဘူး။ ပညာ ရေးဝန်ကြီးဌာနကသတ်မှတ်ထား တာဖြစ်လိမ့်မယ်။ ဒီလိုသတ်မှတ် ချက်တွေကြောင့် မသန်စွမ်းတွေ ရဲ့ အခွင့်အရေး၊ နိုင်ငံတော်ရဲ့ ဖွဲ့ စည်းပုံတွေကို ချိုးဖောက်ရာ ရောက်တယ်။ လူသားတိုင်း တန်း တူအခွင့်အရေးရသင့်တယ်။ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒကို ပြင်သင့်တယ်’’ဟု ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူ ၀င်းက ပြောသည်။
ပုသိမ်ပညာရေးကောလိပ် က ထုတ်ပြန်သည့် အကြောင်း ကြားစာတွင် တက်တူးထိုးထားသူ များ၊ မသန်စွမ်းများ၊ မိန်းမလျာ၊ ယောက်ျားလျာများ၊ ပိုလီယို၊ ခြေ ပူး၊ လက်ပူး၊ ခြေပွား၊ လက်ပွား၊ မျက်စိစွေစောင်း၊ ကျောက်မျက် လုံး၊ အရပ် ၄ ပေ ၈ လက်မ အောက်၊ နေ့စဉ် ကိုယ်ကာယကြံ့ ခိုင်မှု မပြုလုပ်နိုင်သူများ၊ကျန်းမာ ရေးမကောင်းသူများ တက် ရောက်ခွင့်ရရှိမည်မဟုတ်ကြောင်း ပါရှိသည်။
‘‘ဒါမျိုးက မလုပ်သင့်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မ သန်စွမ်းဖြစ်နေပေမယ့် သူတို့မှာ အားသာချက်တစ်ခုက ဉာဏ်ရည် ဉာဏ်သွေးကောင်းမွန်မှုရှိတယ်။ သင်ကြားရေးကို မထိခိုက်စေတဲ့ သူတွေဆိုရင် ခွင့်ပြုသင့်တယ်။ မသန်စွမ်းဖြစ်နေရင်တောင် ဘယ် နေရာမှာ မသန်စွမ်းဖြစ်နေလဲဆို တာ ကြည့်ရမယ်။ ကလေးတွေကို ထိထိရောက်ရောက် သင်ကြား ပေးနိုင်တဲ့ ဆရာတွေ၊ ထူးချွန်တဲ့ ဆရာတွေ မသန်စွမ်းဖြစ်နေပြီး မ ရွေးဘူးဆိုရင်တော့ ကလေးတွေ အတွက် နစ်နာနိုင်တယ်’’ဟု ဆရာ၊ ဆရာမများအဖွဲ့ချုပ်အ တွင်းရေးမှူး ဦးဇော်မျိုးလှိုင်က ပြောသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသ ကြီး ပညာရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်စိုးက ကလေးငယ်များအတွက် စိတ် ဓာတ်တက်ကြွအောင် သင်ကြား ပေးနိုင်မည့်ဆရာများ ရွေးချယ်ရ ခြင်းဖြစ်ကြောင်း ပြောကြားသည်။
‘‘အဓိကကတော့ ကလေး တွေ အတုယူမှားမှာကို စိုးရိမ် တယ်။ ဆရာဆိုတာ ကလေးတွေ အတွက် အထောက်အကူပြုနိုင်ရ မယ်။ မသန်စွမ်းဆရာက ရှေ့မှာ သင်ကြားပေးနေတဲ့အခါ ကလေး တွေရဲ့ စိတ်ထဲမှာ သိမ်ငယ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ခွဲခြားတာ တော့မဟုတ်ဘူး။ ကလေးတွေအ တွက်ကြည့်ပြီး ကလေးတွေ စိတ် ဓာတ်တက်ကြွအောင် သင်ကြား ပေးနိုင်မယ့် ဆရာတွေကို ရွေး ချယ်ရတာပါ’’ဟု ဧရာဝတီတိုင်း ဒေသကြီး ပညာရေးဝန်ကြီးဌာန ဒုဌာနချုပ် ဦးညွန့်စိုးကပြောသည်။
ထို့အပြင် အဆိုပါသင်တန်း အား ၀င်ခွင့်ထုတ်ပြန်သူကို ကန့် သတ်ချက်များမှာ တည်ဆဲဖွဲ့စည်း ပုံအခြေခံဥပဒေ၊ အမျိုးသားပညာ ရေးဥပဒေ၊ နိုင်ငံသားအခွင့်အရေး ဆိုင်ရာဥပဒေ၊ မသန်စွမ်းအခွင့်အ ရေးဥပဒေတို့ဖြင့် အရေးယူသင့် ကြောင်း ဝေဖန်ပြောကြားမှုများရှိ နေသည်။
ပုသိမ်ပညာရေး ကောလိပ် ပထမနှစ်သင်တန်းတွင် တက် ရောက်နေသူ သင်တန်းသား ၆၉၉ ဦးရှိပြီး ယခုကဲ့သို့ သင်တန်း သားဝင်ခွင့်နှင့် ပတ်သက်သည့် သတ်မှတ်ချက်များမှာ ယခင်အ စဉ်အဆက်ကတည်းက ပညာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ကြောင်း အဆိုပါကောလိပ် ကျောင်းအုပ်ကြီး ဦးစောလင်းက ပြောသည်။

No comments:
Post a Comment