နိုင်ငံတော်သမ္မတ ဦးထင်ကျော်က၂၀၁၇ ခုနှစ်၊ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
သံသယနှင့်ပဋိပက္ခများကင်းစင်ပြီး ဒီမိုကရေစီ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်
(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြုကြ ရန်အထူးအရေးကြီး
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က၂၀၁၇ ခုနှစ်၊ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ -
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်ထောင်စုသားအပေါင်းတို့ခင်ဗျား- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သော ဤနေ့ထူးနေ့မြတ် အခါသမ ယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်ထောင်စု သားအားလုံး ကောင်းကျိုး ချမ်းသာ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။
တိုင်းရင်းသားညီအစ်ကို မောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်းနေထိုင်ကြသော သမိုင်းကြောင်း အစဉ်အလာကောင်း များရှိသည့် ကျွန်ုပ်တို့မြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်းဖြင့် ကမ္ဘာ့အလယ်တွင် ၀င့်ထည်စွာ ရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကိုလိုနီစနစ် လွှမ်းမိုးလာသည့် ၁၉ရာစု နှောင်းပိုင်းကာလတွင် မြန်မာနိုင်ငံသည်လည်း ကိုလိုနီနိုင်ငံဘ၀သို့ သက်ဆင်းကျရောက်ခဲ့ရသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးနေချိန်တွင် မျိုးချစ်စိတ်ထက်သန်သော ပြည်ထောင်စု ဖွားတိုင်းရင်းသားအပေါင်းတို့သည် ခိုင်မာသော ပြည်ထောင်စုစိတ်ဓာတ်၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် စွန့်လွှတ်စွန့်စားလိုသော အမျိုးသားရေးစိတ်ဓာတ်တို့ဖြင့် နယ်ချဲ့တို့ကို စုစည်းညီညွတ်စွာ တွန်းလှန်ခဲ့ကြရာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ပြန်လည်ရ ယူနိုင်ခဲ့ကြပေသည်။ ယနေ့ဆိုလျှင် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးရရှိခဲ့သည်မှာ (၆၉)နှစ် ပြည့်မြောက် ခဲ့ပေပြီ။
လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့ တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်းနှမများအကြား အကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရသည့် အတွက် နိုင်ငံတော်၏ဖွံ့ ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ရသည်။
လွတ်လပ်ပင် လွတ်လပ်ခဲ့သော်ငြားလည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသား ဒေသနေရာ အချို့တွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့်ခံစား နိုင်ခြင်းမရှိဘဲ အနာဂတ်များ ပျောက်ဆုံး ကာ အမှောင်ဖုံး ခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါသည်။ ယနေ့ အချိန်အခါတွင် သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိ ရန်နှင့် ဒီမိုကရေ စီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို နိုင်ငံတော်အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကျင်းပခြင်းဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။
လက်နက်ကိုင်နည်းလမ်းသည် ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်း အလျဉ်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခကို ရှည်ကြာစေခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ဖွံ့ဖြိုးမှုများလည်း နောက်ကျ ကျန်ရစ်ခဲ့ရသည်ကို ဆယ်စုနှစ်များစွာ အထင် အရှားတွေ့ မြင်ခဲ့ကြရပြီး ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး အတွက် စုပေါင်းတွေ့ဆုံ၊ စုပေါင်းဆွေးနွေး၊ စုပေါင်းအဖြေရှာ မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံးက မျက်မှောက်ပြုကြရန် အထူးအရေးကြီးလှပေသည်။
နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းလာသည် နှင့်အမျှ ပြည်ထောင်စု၏ နယ်မြေဒေသအားလုံးတွင် တစ်ချိန် တည်း တစ်ပြိုင်တည်း ဖွံ့ ဖြိုးတိုးတက်ရေးနှင့်တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စားဝတ်နေ မှုပြည်စုံ လုံခြုံရေး၊ လူမှုစီးပွား ဘ၀ဖွံ့ ဖြိုးတိုးတက်လာစေရေးတို့အတွက် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေဖြင့်လည်း တောင်ပေါ်မြေပြန့်၊ ပြည်နယ် ပြည်မမခွဲခြားဘဲ မိမိကျရာ အခန်းကဏ္ဍမှ ပြည်ထောင်စု အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်လှပေ သည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တ လျက်ရှိသည့် အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်ဖြစ် သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက် ရေး မလွဲမသွေအောင်မြင်ရမည်ဟူသော ယုံကြည်မှု သန္နိဋ္ဌာန်ဖြင့်-
- ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တွင် တွေ့ဆုံညှိနှိုင်းမှုများမှ ရရှိလာမည့် ဆုံးဖြတ် ချက်များနှင့်အညီ ဘုံသဘောတူညီချက်တစ်ခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး၊
- ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး၊
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊
- နိုင်ငံတော်၏ စီးပွားရေးမူဝါဒ မျှော်မှန်းချက်များနှင့် အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြားဘက်ညီ မျှတစွာ ဖွံ့ ဖြိုးတိုးတက်လာစေမည့် စီးပွားရေးအခြေ အနေကောင်းများရရှိရန် ကြိုးပမ်းဆောင်ရွက်ရေး ဟူသော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုး သားရေး ဦးတည်ချက်များကို အလေးအနက်ခံယူပြီး တိုင်းရင်းသား အားလုံး ဥမကွဲသိုက်မပျက်သွေးစည်းညီညွတ်စွာ အကောင် အထည်ဖော်ဆောင်ရွက်ကြပါရန် နေ့ထူး နေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့အခါသမယတွင် ချစ်ကြည်လေးစားစွာ တိုက်တွန်းနှိုး ဆော်အပ်ပါသည်။
Sources; MOI Webportal Myanmar
Tuesday, January 3, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment