Latest News

Wednesday, January 18, 2017

အစာအဆိပ်သင့် လူနာများအား အဟာရပြည့် အစားအစာများ ပေးအပ်

အစာအဆိပ်သင့် လူနာများအား အဟာရပြည့် အစားအစာများ ပေးအပ်


ဘီးလင်း  ဇန်န၀ါရီ ၁၈

ဘီးလင်းမြို့နယ် မြို့ပေါ်ရပ်ကွက်  ၅  ခုမှ  ဒေသခံပြည်သူ ၄၅  ဦးတို့သည် ဇန်န၀ါရီ  ၁၇  ရက် ညနေ့က အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ဘီးလင်း မြို့နယ် ပြည်သူ့ဆေးရုံ၌  ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

အစာအဆိပ်သင့်မှုကြောင့် ဆေးကုသမှု ခံယူလျက်ရှိသည့် အဆိုပါ လူနာများအား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲ၊ ခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေး မြမြကြိုင်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အိရွှေ ဇင်မောင်မောင် တို့က ကြက်ဥ၊ အိုဗာတင်း၊ ရေသန့်ဗူးနှင့် ငွေကျပ် တစ်သောင်းစီတို့ကို ထောက်ပံ့ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

Sources: ထူးနောင်(ပြန်/ဆက်)

No comments:

Post a Comment