Latest News

Sunday, January 8, 2017

တိုင်စာတွေ တစ်ပုံကြီးနဲ့ အလုပ်ရှုပ်နေတဲ့ ဝန်ကြီးချုပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ ဟာ နေ့ မအား ညမအား အလုပ်တွေလုပ်နေတယ်လို့  ၄င်းနဲ့  နီးစပ်တဲ့  အသိုင်းဝိုင်းကပြောပါတယ်။
အခုနောက်ပိုင်းဗျာ သိသိသာသာ ကိုအလုပ်တွေ တွန်းလုပ်နေတာ သတိထားမိတယ် ကျွန်တော်တို့  သွားတိုင်း သူ (၀န်ကြီးချုပ်)ဟာ ကြမ်းခင်းပေါ်မှာ တင်ပြလာတဲ့ စာရွက် တိုင်စာတွေ အစီရင်ခံစာတွေကို ဖြန့် ခင်းပြီး တစ်ခုချင်းမှတ်ချက်တွေရေးအလုပ်အမြဲရှုပ်နေတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့ ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။

စိတ်ဖိစီးမှုတွေလည်း ပါမယ် ဖိအားတွေလည်းရှိမယ် ဟိုတစ်နေ့ ကဆို နာခေါင်းက သွေးတွေတောင် ထွက်တယ် ကျန်းမာရေးလည်း သိပ်မကောင်းဘူးလို့  ၄င်းကဆက်ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့  ဖြေရှင်းပေးရမယ့် အခြေအနေတွေက သိပ္ပ လုံးစံ လို ဖြစ်နေတာကြောင့် တာဝန်ယူတဲ့ သူတွေ အနေနဲ့  တာဝန်ကြီးမားတယ်ဆိုတာကတော့ ငြင်းလို့  မရပါဘူး ။
ဒါ့ကြောင့်လည်း ၀န်ကြီးချုပ်က ဒီ မှာကြုံတွေ့ နေရတယ် အခက်အခဲတွေ စိန်ခေါ်မှု ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် သူရှိရင် ခုချက်ချင်း ဒီနေရာက ဆင်းပေးမယ်လို့  အစိုးရဖြစ်ပြီးသုံးလကျော်အကြာက ပုသိမ်မြို့ တော်ခန်းမမှာ ပြည်သူလူထုနဲ့ တွေ့ ဆုံစဉ် ၀န်ကြီးချုပ်မန်းဂျော်နီက ပြောခဲ့ တာပါ ။

လတ်တလော အစိုးရအဖွဲ့  တာဝန်ယူပြီးတဲ့  လေးငါးလအတွင်းမှာ လယ်သမားနဲ့  ရေလုပ်သားတွေကလည်း မိမိတို့ အခက်အခဲတွေ ကိုဆန္ဒထုတ်ဖော်မှုတွေ ရှိလာသလို တိုင်ကြားစာတွေကလည်း တစ်နေ့ တစ်ခြားတက်လာတာကို တွေ့ ရပါတယ်။
အစိုးရအဖွဲ့  ကို အဓိကတာဝန်ယူထားရတဲ့ ဝန်ကြီးချပ် တစ်ယောက်အနေနဲ့  တက်လာသမျှ စာတွေကို မှတ်ချက်ပြုရေးထိုးပေးပြီး အလုံးစုံ ကို ဖြေရှင်းပေးမယ်ဆိုတာကတော့ လွယ်ကုမှာ မဟုတ်ပါဘူး။
ဧရာဝတီတိုင်းတစ်တိုင်းလုံး ဖြစ်စဉ်တွေ သောင်းချီရှိနေတာကို လိုက်ကြည့်ပြီး မှတ်ချက်ရေးနေမလား အဲ့ တော့ ပီးမှာမဟုတ်တော့ ဘူးသဘောတရားကရိုးရိုးလေးပဲ ဆိုင်တစ်ဆိုင်မှာ ရုံးပတီသီးအကင်လေးကောင်းကောင်းစားရဖို့  စပြီးကင်တာ ဆီ ဆား ငရုတ်သီးထည့်တာ ကအစ အစအဆုံး လိုက်ကြည့် နေစရာမလိုဘူး အကုန်သိနေစရာမလိုဘူး အစိုးရရဲ့  သဘောက ဒီက ထုတ်သမျှ ရုံးပတီသီပွဲတိုင်းကောင်းရမယ်ဆိုတဲ့  မူဝါဒချမှတ်ပေး နိုင်ဖို့ ပဲ အရေးကြီးတာ လို အငြိမ်းစားညွန်ကြားရေးမှူးချုပ်တစ်ဦ့း ကပြောပါတယ်။

ကဏ္ဍ အလိုက် သူ့ နေရာနှင့် သူ စည်းကမ်းတကျ ဖြစ်လာဖို့ သာ အစိုးရအဖွဲ့ က စီစဉ်ညွန်ကြား ရမှာလို့ နိုင်ငံရေးလေ့ လာသူတွေကထောက်ပြကြပါတယ်။
ဂေါ်ရန် ဂျီ ကျွန်းမှာ သချိုင်းမြေ မြုပ်စရာမရှိတော့တာ အစိုးရကိုယ်တိုင်ရှင်းပေးဖို့ တာဝန်ရှိပီလား ဒါဆိုရင် အိမ်နောက်ဖေးက မိလ္လာကျင်းပြည့်နေတာရော အစိုးရရှင်းပေးမလား ဆိုလိုတာက အိမ်သာ မိလ္လာ ပြည့်လာရင် သက်ဆိုင်ရာ စည်ပင်ဌာန ဖုန်းဆက်ရမယ် လာဆယ့် မယ့် သူကလည်းဖုန်းဆက်ပြီး ၂၄ နာရိ အတွင်း ဆောင်ရွက်ပေးရမယ် လုပ်ရမှာကို မလုပ်ပေးတဲ့  သူကို လည်း အရေးယူ အဲ့ လိုအနေအထားဖြစ်အောင် သူ့ နေရာနဲ့  သူသတ်သတ်မှတ်မှတ်ဖြစ်အောင် အစိုးရကဖန်တီးပေးထားရုံပဲ ရုံ ပဲ လို့ နိုင်ငံရေးလေ လ့ာသူ
ပုသိမ်သေခံတစ်ဦးကဆိုပါတယ်.။
အစိုးရအဖွဲ့ အနေနဲ့  ပညာရေး ၊ကျန်း မာရေး၊လူမှုရေး ၊ဖွံ့ ဖြိုးရေး အစရှိတဲ့ နေရာတွေမှာ ကဏ္ဍတစ်ခုချင်းအလိုက် တိကျတဲ့ မူဝါဒတွေကိုချမှတ်အကောင်ထည်ဖော်ရမှာပါ။
မူဝါဒကိုအကောင်ထည်ဖော်ရန် သက်ဆိုင်ရာ ၀န်ကြီး များက ဦးဆောင်၍ သူ့ နေရာနှင့် သူတာဝန်ယူဆောင်ရွက်စေပြီး အကောင်ထည့်ဖော်မယ့် ၀န်ထမ်းတွေကိုလည်း ပြတ်ပြတ်သားသားကိုင်တွယ်သင့် ကိုင်တွယ်ရမှာပါ.။

ချောင်းသာကမ်းခြေသာယာလှပရေးဆိုတဲ့  မူဝါဒတစ်ရပ်ဆွဲလိုက်တယ်ဆိုပါဆို ဒီနေရာမှာ မြေစာရင်းမင်းကမြေနေယာသတ်မှတ်ရေးတာဝန်ယူ စည်ပင်က အမှိုက်ကင်းရှင်းရေးတာဝန်ယ ဟိုလူ ဒါလုပ် ဒီနေရာမှာငါ ဒီမူဝါဒချထားတယ် ငါဒီလို စည်းကမ်းတကျလုပ်မယ် ငါဒီလိုဖြစ်ချင်တယ် ငါ့မျော်မှန်းချက်ကဒီလို ချပြ ဒါကိုမှ မင်းတို့ လိုက်မလုပ်နိုင်ဘူး မြင်အောင်လည်းမကြည့်နိုင်ဘူးဆိုရင် သွားတော့ ဒီလိုပဲ တစ်ခါတစ်လေ ပြတ်ပြတ်သားသားကိုင်တွယ်သင့်ကိုင်တွယ်ရမှာပဲ အစိုးရဆိုတာ အဲ့ လိုလုပ်နိုင်ရမယ် အဲ့ တော့ အစိုးရကမှ တိကျတဲ့ မူဝါဒမချနိုင်ရင် အကောင်ထည်ဖော်တဲ့  သူက လုပ်ချင်တာလုပ်နေမှာပဲ လို့  စီမံခန့် ခွဲဘာသာရပ်ကိုလေ့ လာနေသည့် ပညာရှငိတစ်ဥိးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရမှာ ငါးနှစ်အတွင်း မှာ ဘယ်ကဏ္ဍကို ဘယ်လို မူဝါဒမျိုးနဲ့  ဆောင်ရွက်မယ့်ဆိုတဲ့  တိကျတဲ့ အစီအစဉ်မရှိသေးတာပါပဲ။
မြင်သာတာကို ပြောရရင် အစိုးရအဖွဲ့  စည်ပင်သာယာရေး ၀န်ကြီးဌာနအနေနဲ့  ပုသိမ် မြို့ ကို ရေစီရေလာကောင်းမွန်ရေး ဆောင်ရွက်မည်လို့ ကြွေးကြော်ထားပေမဲ့  မိုး၇ွာရင် အစိုးရရုံရှေ လွတ်တော်ရုံးရှေ့ နဲ့ စည်ပင်သာယာရေးရုံးရှေ့ မှာ ယခင်အတိုင်း ရေ က ခြေကျင်းဝတ်လောက်တင်ကျန် နေဆဲပါပဲ။
ဒီလိုပဲ လျပ်စစ်၊စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာလည်း ငါးနှစ်အတွင်း ဆောင်ရွက်မယ့် တိကျတဲ့  မူဝါဒ မရှိသေးသလိုအစိုးရအဖွဲ့ ကက်ဘိနပ်အစည်းအဝေးတွေမှာလည်း ဘယ်လို မူဝါဒမျိုးချမှတ် အကောင်အထည်ဖ်ာမယ်ဆိုတာမျိုး ကိုလည်း မဆွေးနွေးဖြစ်ကြသေးပါဘူး။
ကေစ့် တစ်ခုကို ဖြေရှင်းဖို့ ဆွေးနွေးတာတွေတော့ရှိတယ် မူဝါဒပိုင်းတော့ မဆွေးနွေးဖြစ်သေးဘူး လို လျပ်စစ် စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးကပြောပါတယ် ။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကတော့ ပညာရေးနဲ့ ပတ်သတိပြီး အစိုးရသက်တမ်းအတွင်း“ အစိုးရအဖွဲ့ အနေနဲ့ ဆရာဆရာမများအရည်အသွးအမှန်တကယ် မြှင့်တင်နိုင်ဖို့  နဲ့ ကျောင်းသူ ကျောင်းသားတွေ အရည်အသွေးမီမီ အဆင့်တန်းမီိမီ အောင်မြင်နိုင်ဖို့ ရည်မှန်းချက်ထားဆောင်ရွက်သွား ပါ့ မယ် “လို့ ကြွေးကြော်ထားပါတယ်။
ဒါကလည်း ကြွးကြော်သံတစ်ခု အဖြစ်နေသာတည်ရှိနေပြီး ဒီလုပ်ငန်းစဉ်တွေ အောင်မြင်အောင် ဘယ်လို မူဝါဒတွေ ချမှတ်ဆောင်ရွက်အကောင်ထည်ဖော်မယ်ဆိုတာလည်း မီဒီယာရော ပြည်သူကို ချပြထားခြင်းမရှိသေးပါဘူး။

ဒီလိုပဲ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာ ဝန်ကြီးဌာနအနေနဲ့ ကတော့ လည်းလူတန်းစား ဘ၀သုံးရပ်ကို ဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်မယ်ဆိုတဲ့  အိပ်မက်တစ်ခုတော့ ရှိနေပါတယ်.
ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဆင်ရဲနွမ်းပါးမှု ပပျောက်ရေး ဟာ ကျွန်တော့် အိမ်မက်ပါပဲ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ပြောမယ်ဆို လယ်သမားတွေချည်းပဲ မဟုတ်ပါဘူး ကျေးလက်ဒေသလူမှုအဖွဲ့ အစည်းကြည့်မယ်ဆို လယ်သမား အဖွဲ့ အစည်း၊မြေမဲယာမဲ့  လုပ်သားတွေရှိမယ် ၊နောက်တစ်တစ်ခါ ဧရာဝတီတိုင်းလိုအောက်ပြည်အောက်ရွာ ရေလုပ်သားငယ်လေးတွေ ဒီလူထုလူတန်းစာသုံးရပ်လုံးလူမှုစီပွါးရေး ဘ၀ ဖွံ ဖြိုးတိုးတက်အောင်လုပ်ပေးမှသာလျင် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုကို လည်းလျော့ချနိုင်မှာဖြစ်တယ် ဟု ဦးဗဟိန်းကပြောပါတယ်။

ဝန်ကြီးအိပ်မက် လက်တွေ့ ကျကျ ဖြစ်လာဖို့ ကို လုပ်ငန်းစဉ်တစ်ချချင်းလိုက် အကောက်ထည်ဖော်မယ့် တိကျတဲ့ မူဝါဒ ဆိုတာမရေးဆွဲနိုင်သေပါဘူး၊
အစိုးရအဖွဲ့ အနေနနဲ့ မျော်မှန်းချက်ထား မူချ စနစ်ကိုဖော်ဆောင် ပြီးမူဘောင်အရ ပုံမှန်လုပ်သူတွေကလုပ် ရမှာဖြစ်သလို နည်းဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့ အတူပညာပေးမှု အရေးယူမှုတွေက တပြေးညီဆောင်ရွက်ကြဖို့ လိုပါတယ်။

တစ်ဆင့်ချင်းမသွားပဲ ၀န်ကြီးချုပ် အပါဝင် အစိုးရအဖွဲ့ ဝန်ကြီးတော်တော်များများ အရေးယူမှတွေ လုပ်မယ်ဆိုပြီး ကြွေးကြော်ကြတယ် ကြွေးကြော်တော့ ဘယ်ဥပဒေနဲ့ အရေးယူမှာလည်း ဘယ်သူကလုပ်မှာလည်း ဘယ်လို ချိတ်ဆက်ကြမှာလည်း ဖြစ်ချင်တဲ့  မူဝါဒကဘာလည်းလို့  ဆိုတာမေးခွန်းထုတ်စရာရှိတယ် လို့ တိုင်းအဆင့် ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးကပြောပါတယ်။

ခေတ်အဆက်ဆက်ဆောင်ရွက်လာခဲ့ တဲ့ အစိုးရတွေမှာလည်း တိကျတဲ့  မူဝါဒမရှိခဲ့ တာကို လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့  ၀န်ကြီးချုပ် အပါဝင် ၀န်ကြီးတွေ သတိပြုရမှာဖြစိပါတယ်။
လက်ရှိတာဝန်ယူနေတဲ့  အစိုးရတစ်ရပ်မှာလည်း လုပ်ငန်းစဉ် တစ်ချုချင်းအလိုက် တိကျကောင်းမွန် တဲ့  မူဝါဒမရှိဘူးဆိုရင်တော့ ၀န်ကြီးချုပ်မန်းဂျော်နီ ဟာ တိုင်စာ တစ်ပုံကြီး အစီရင်ခံ စာတစ်ပုံကြ်းကို နေ့ မအားညမအား လက်မှတ်ရေးထိုး မှတ်ချက်ပြုနေရဦးမှာပါပဲ.။
မျိုးမင်းပိုင်

No comments:

Post a Comment