Tuesday, January 24, 2017
အမေရိကန်နိုင်ငံ အပေါ် တရုတ်နိုင်ငံ သတိပေး
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရ သစ် က တောင်တရုတ်ပင်လယ်ထဲ တရုတ်ပိုင်နက်ကို တားဆီးမှု ပြုလုပ်ဖို့ ဆန္ဒရှိပြီးနောက် တရုတ်နိုင်ငံ ကတောင်တရုတ်ပင်လယ် အစိတ်ပိုင်း နဲ့ ပက်သက်ပြီး အမေရိကန် ကို ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံ ဟာဒေသအတွင်းမှာ ရပိုင်ခွင့်အခွင့်ရေးကို အပြည့်ဝကာကွယ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။
သဘာဝအရင်းမြစ် ပေါများတဲ့ တောင်တရုတ်ပင်လယ်ထဲ ပိုင်ဆိုင်မှု နဲ့ ပက်သက်ပြီး နိုင်ငံတွေကြားအငြင်းပွားတာတွေရှိနေခဲ့ပါတယ်။
တောင်တရုတ်ပင်လယ် ပြသာနာ ဟာ အမေရိကန် နဲ့ သက်ဆိုင်မှု မရှိဘူးလို့ တရုတ်နိုင်ငံ ကပြောထားပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဟွာချူ ရင်းက အငြင်းပွားဖွယ် ပြသာနာ အတွက် ပါဝင် ပက်သတ်တဲ့နိုင်ငံတွေအားလုံး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ပြောပါတယ်။
ပါဝင် ပက်တဲမှုမရှိတဲ့ နိုင်ငံက အကျိုးစီးပွားကို ကာကွယ်ဖို့လုပ်ဆောင်မယ်ဆိုရင် အကျိုးစီးပွားအတွက်ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။
အမေရိကန်ပြောရေးဆိုခွင့်ရှိသူကတော့ အမေရိကန်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ထဲ နိုင်ငံတွေရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်အောင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ကတည်ဆောက်လျက်ရှိနေတဲ့ ကျွန်းတွေထဲတရုတ် နိုင်ငံ လုပ်ရပ်ဟာ ခရိုင်းမီယားဒေသကို ရုရှားနိုင်ငံ က ကျူးကျော်မှု ပုံစံမျိုးဖြစ်နေတာကြောင့် တားဆီးကာကွယ်မှုတွေလုပ်သွားမယ်လို့ အမေရိကန်နိုင်ငံ ကပြောထားပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။
အမေရိကန်နိုင်ငံ အပေါ် တရုတ်နိုင်ငံ သတိပေး
Reviewed by timeayeyar
on
10:43 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment