Latest News

Wednesday, January 18, 2017

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်၌ အိုးရွက်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက်၌ အိုးရွက်ပြိုင်ပွဲကျင်းပ


စစ်ကိုင်း ဇန်နဝါရီ ၁၈

စစ်ကိုင်းမြို့မှထုတ်လုပ်သည့် မြေအိုးများ သည် ကောင်းမွန်ခိုင်ခံ့၍ လူကြိုက်များ ကြောင်း သိရှိစေရန်နှင့် မြေအိုးလုပ်ငန်း နှင့်ပတ်သက်၍ မျိုးဆက်သစ်များ စိတ်ဝင်စားမှုရှိရန် ရည်ရွယ်ချက်ဖြင့် မြေအိုးရွက်ပြိုင်ပွဲနှင့် အိုးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်က စစ်ကိုင်းမြို့ အိုးဘို ရပ်ကွက် ရွှေဘုံသာ ဘုရားဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အိုးရွက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသမီးများက ၄င်းတို့ဦးခေါင်းပေါ် တွင် အိုးများကို ဆင့်ရွက်ကာ သတ်မှတ်ထားသည့်ပန်းတိုင်သို့ အိုးများ လွတ်မကျ ဘဲရောက်အောင် အမြန် လျှောက်လှမ်းရပြီး ဦးစွာရောက်ရှိသူ က အနိုင်ရရှိပြီး အိုးရိုက်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ၏မျက်လုံး အား အဝတ်ဖြင့် စည်း၍ ချိတ်ဆွဲ ထားသော အိုးများကို တုတ်ဖြင့် ရိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Sources: မင်းထက်အောင်(မန်းကိုယ်ပွား)MOI

No comments:

Post a Comment