Latest News

Thursday, January 26, 2017

မယ်စကြ၀ဠာမြန်မာကိုယ်စားပြုပြိုင်ပွဲဝင် ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း


မယ်စကြ၀ဠာမြန်မာကိုယ်စားပြုပြိုင်ပွဲဝင် ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း


မယ်စကြ၀ဠာပြိုင်ပွဲတွင် ဆန်ခါတင်အလှမယ် ၁၂ ဦး အထိ ပါဝင်နိုင်မည့် အွန်လိုင်းမဲ ပေးမှုများစတင်နေပြီ ဖြစ်သည်။ နိုင်ငံအသီးသီးမှ ၎င်းတို့ နိုင်ငံကိုယ်စားပြုအလှမယ်များအတွက် Voting အပြိုင်အဆိုင်ပေးနေသ ကဲ့သို့ မယ်စကြ၀ဠာမြန်မာအဖွဲ့ အစည်းကလည်း Voting ပေးရ မည့် နည်းစနစ်များ မျှဝေပေးနိုင် ရန် Voting Campaign များပြု လုပ်ရန် စီစဉ်နေသည်။ ထို့ကြောင့်ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေ သော ထက်ထက်ထွန်းကို အွန် လိုင်းမဲပေးမှုများနှင့် ပတ်သက် သည့်အကြောင်းအရာများအပါ အ၀င် ပြိုင်ပွဲဝင်နေသော အခြေ အနေများအကြောင်း အွန်လိုင်းမှတစ်ဆင့် မေးမြန်းခဲ့ပါသည်။

လက်ရှိအချိန်အထိ ပြိုင်ပွဲမှာ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကိုကော ဘယ် လောက်ထိအားရကျေနပ်မှုရှိလဲ။ ဇန်န၀ါရီ ၂၆ ရက်မှာလုပ်မယ့် Preliminary Show နဲ့ National Costume Show အတွက်ကော ဘာတွေပြင်ဆင်ထားပြီလဲ။

နေ့တိုင်းက Activities တွေရှိနေတော့ နေ့တိုင်းတော့ အားစိုက် ရတာပေါ့။ မနက်ဆိုရင်လည်း အချိန်မီရောက်ဖို့၊ ထဖို့၊ ပြီးတော့ နေ့တိုင်း Activity တွေနဲ့ လိုက်ဖက်အောင် အင်္ကျီအ၀တ်အစားတွေ ရွေးချယ်ဖို့ကအစ ပြီးရင် လူတိုင်း နဲ့ ပေါင်းသင်းဆက်ဆံရေးအဆင် ပြေဖို့၊ ကိုယ့်ရဲ့လှုပ်ရှားမှုတွေတိုင်း မှာ မြန်မာဆိုတာထင်သာမြင်သာ ရှိအောင် အသေးစိတ်ကအစ အား စိုက်ထားပါတယ်။ ပြိုင်ပွဲဝင်အ ချင်းချင်းလိုအပ်တာရှိရင်လည်း အကောင်းဆုံးကူညီပေးတယ်။ ပြိုင်ပွဲမှာ ဆုမှန်းတယ်ဆိုပေမယ့် ကံနဲ့ရော၊ ဉာဏ်နဲ့ရော၊ ၀ီရိယနဲ့ ရော သူတို့အကြိုက် ကိုယ့်အကြိုက်တူမှရမှာဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားတယ်။ တခြားဘက်မှာတော့ ပြိုင်ပွဲဝင်အ ချင်းချင်းချစ်ခင်မှုရဖို့၊ မြန်မာဆိုတာ သူတို့ရင်ထဲမှာ အမြဲတမ်းရှိသွားဖို့အတွက် ပိုပြီးဦးစားပေးကြိုးစားဖြစ်ပါတယ်။

ထက်ဘက်က အကောင်းဆုံးကြိုးစားတယ်ဆိုပေမယ့် အရာတိုင်းမှာ ပြည့်စုံတယ်တော့ မရှိပါဘူး။ လိုအပ်မှုတွေကတော့ ရှိမှာပါ။ အဲဒီအတွက်လည်း အကောင်းဆုံးကြိုးစားပြင်ဆင်နေပါတယ်။ လိုအပ်တာရှိရင်လည်း ဝေဖန်ပေးပါ။ မနက်ဖြန် (ဇန်န၀ါရီ ၂၆) ပြိုင်ပွဲအတွက်ကတော့ မစိုးယုတို့နဲ့တွေ့ပြီး တိုင်ပင်စရာရှိတာ တိုင်ပင်တယ်။ National Costume ရဲ့ နောက်ခံ Background ကို ပြင်ဆင်ဖို့အတွက်ကတော့ မနက်ဖြန် မနက်ကစပြီး ပြင်ဆင်ရမှာပါ။

Voting တွေစနေပြီဆိုတော့ ပရိ သတ်တွေကို Voting ပေးနည်းနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

Voting က ပေးနည်းလေးမျိုးရှိတယ်။ Twitter နဲ့ရော၊ Appli-cation နဲ့ရော၊ Vodi နဲ့ရော၊ Website နဲ့ရော လေးခုကနေပေးလို့ရတယ်။ တစ်ယောက်ကို တစ်နေ့တစ်မျိုးစီကနေ ဆယ်ခုပေးလို့ရတယ်ဆိုတော့ တစ်ယောက်တည်းကနေ တစ်နေ့ကို အခုလေးဆယ်လောက်ပေးလို့ရတယ်။ အဲဒီတော့နေ့တိုင်းလည်း ပေးပေးကြပါ။ များများလည်းပေးပေးကြပါ။ Voting နဲ့ ပတ်သက်ပြီး အခက်အခဲရှိမှာစိုးလို့ လုပ်ပုံလုပ်နည်းတွေကို ရှင်းပြသွားဖို့အတွက် Campaign လေးတွေလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီကျရင်လည်း အနုပညာရှင်တွေက ပူးပေါင်းပါဝင်ကြမှာပါ။ အဲဒီ Cam-paign လေးတွေမှာလည်း လာရောက်ပြီး အင်အား တောင့်အောင်လာပေးကြပါ။

ဒီနှစ်ပြိုင်ပွဲမှာ မြန်မာရဲ့ လှုပ်ရှား မှု ပုံရိပ်တွေလည်း အွန်လိုင်းမှာ တော်တော်များများတွေ့ရတာဆို တော့ မြန်မာအပေါ်မှာ စိတ်ဝင် စားမှုဘယ်လောက်ရှိကြလဲ။

မြန်မာဆိုတာကတော့ ပြိုင် ပွဲဝင် ၈၆ ယောက်ထဲမှာမသိသူ မရှိဘူးလို့ ပြောလို့ရတယ်။ အကုန် လုံးက လက်ခံထားကြတယ်။ ထက်ကိုလည်း ၀ိုင်းချစ်ကြတယ်။ အရင်ကဆိုရင် ပြိုင်ပွဲဝင် ၈၆ ယောက်ရှိရင် ပြိုင်ပွဲဝင်အချင်း ချင်း ခင်မင်ရင်းနှီးမှုရဖို့၊ မျက်နှာ ချင်းဆုံမိဖို့၊ တစ်ယောက်မျက်နှာ တစ်ယောက် မှတ်မိဖို့တောင် တော်တော်ခက်ခဲကြတာ။ ဒါပေမဲ့ ထက်ကိုတော့ ပြိုင်ပွဲဝင်တွေ အ ကုန်လုံးကသိကြတယ်။ အဲဒီတော့အားလုံးရဲ့ စိတ်ထဲမှာ ဒီနှစ်မြန်မာ ပါတယ်။ မြန်မာကောင်မလေးက ခင်ဖို့ကောင်းတယ်။ ဘယ်လိုကြိုး စားတယ်။ ဘယ်လိုရှိတယ်။ အသိ အမှတ်ပြုသွားကြပြီ။ အားလည်း အားပေးကြတယ်။ ကိုယ်လည်း သူတို့ကိုလိုတာလေးတွေရှိရင် ကူ ညီပေးတယ်။

နောက်ဆုံးပြိုင်ပွဲကြီးလည်း နီးလာ ပြီဆိုတော့ အဲဒီအပေါ်မှာ ရင်ခုန် မှုလေးပြောပါဦး။

 ပိုင်ပွဲ  နီးပြီဆိုတာထက် Activities အနေနဲ့ ၁၂ ရက်နေ့ ရောက်လာကတည်းက ပြိုင်ပွဲကြီး မဟုတ်သေးပေမယ့် ပြိုင်ပွဲစတာ နဲ့ အတူတူပါပဲ။ နေ့တိုင်းမှာ ကိုယ့်ရဲ့ လှုပ်ရှားမှုကို ကြည့်နေတယ်။ တကယ့် Final Result မှာ Back Stage ကလည်း အများကြီးအ မှတ်ယူသွားမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Miss Universe ပြိုင်ပွဲက လှပတဲ့ အမျိုးသမီးတစ်ခုတည်း ကို ရွေးတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့၊ ဘ၀ဇာတ် ကြောင်း ခိုင်ခိုင်မာမာရှိတဲ့၊ ကျန်း မာသန်စွမ်းတဲ့ အမျိုးသမီးမျိုး၊ ထက်မြက်တဲ့ အမျိုးသမီးမျိုး၊ Strong ဖြစ်တဲ့ အမျိုးသမီးမျိုး၊ အမျိုးသမီးထုကြီးကို ကိုယ်စားပြု ပြီး အရှေ့ကနေရင်ဆိုင်ပြီး တိုက် ပွဲဝင်နိုင်တဲ့ အမျိုးသမီးမျိုးကို ရွေး ချယ်တာဖြစ်တဲ့အတွက် Back Stage မှာကတည်းက အမှတ်တွေ ယူနေပါပြီ။ ပြိုင်ပွဲက အစောကြီး ကတည်းစနေပြီလို့ ပြောလို့ရပါ တယ်။ အဲဒီအတွက် ထက်လည်း ကြိုးစားနေပါတယ်။ မြန်မာဆိုတဲ့ စလွယ်ကို လွယ်ပြီး ကြိုးစားနေ တာဖြစ်တဲ့အတွက် ထက်ထက် ထွန်းလို့ခေါ်တဲ့ လူထက် မြန်မာလို့ ခေါ်တဲ့ လူပိုများပါတယ်။ အဲဒီ တော့ ထက်က မြန်မာနိုင်ငံတစ် နိုင်ငံလုံးကိုယ်စားပြုသွားတာဖြစ် တဲ့အတွက် အားလုံးက ထက်ကို ဆုတောင်းပေးကြပါ၊ မေတ္တာပို့ ပေးကြပါ။ အခုဆိုရင် Voting လည်းစပြီဆိုတော့ မြန်မာဆိုတာ ဘယ်လိုစည်းလုံးကြလဲဆိုတာ နေ့စဉ် နေ့တိုင်း  ကိုယ်တတ်နိုင်တဲ့ ဘက်က မြန်မာဆိုတာကို အားပေးရင်း ထက်ကိုအားပေးကြပါ။

ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လောက်မျှော်လင့်ထားပါလဲ။

အကောင်းဆုံးဆုကြီးကို မှန်းပြီး ကြိုးစားနေပါတယ်။ အခြေအ နေအကြောင်းကြောင်းကြောင့် အ ကောင်းဆုံးဆုမရခဲ့ရင်တောင် နေရာတစ်ခု၊ နာမည်တစ်ခု၊ Imageတစ်ခု၊ အားလုံးရဲ့ ရင်ထဲမှာအသိ အမှတ်ပြုမှုတစ်ခုကို ထက်ရ အောင်ယူခဲ့ပါ့မယ်။ အရင်နှစ်တွေ နှစ်တွေထက် တစ်နှစ်ထက်တစ် နှစ်ပိုပြီးတိုးလာတဲ့အတွေ့အကြုံ တွေ ဗဟုသုတတွေနဲ့ တစ်နှစ် ထက်တစ်နှစ်မြန်မာဆိုတာကို လက်ခံလာအောင် ပြီးတော့ နောက်နှစ်တွေမှာ နိုင်ငံကိုယ်စားပြုအနေ နဲ့ သွားပြိုင်မယ့် ညီမတွေ၊ အစ်မ တွေအတွက် ထက်ဘက်ကနေ အများကြီး လမ်းခင်းပေးသွားမှာ ပါ။

ကျေးဇူးတင်ပါတယ်။       ။


Sources: : 7Day News Journal

No comments:

Post a Comment