Latest News

Monday, January 23, 2017

ကိုယ့်ကို ဖက်တီးဒါမှမဟုတ် ငပိန်လို့စနောက်ပြောဆိုလာတဲ့သူတွေကို ဒီလို ပြန်ပြောပစ်လိုက်ပါ

ကိုယ့်ကို ဖက်တီးဒါမှမဟုတ် ငပိန်လို့စနောက်ပြောဆိုလာတဲ့သူတွေကို ဒီလို ပြန်ပြောပစ်လိုက်ပါ




လူတွေရဲ့တစ်ချို့သောအမူအကျင့်တွေက လျစ်လျူရှုပစ်လို့မရပါဘူး။ လူတွေဟာ ကိုယ်အမြင်မကြည်တဲ့သူတစ်ယောက်ကို စိတ်ထဲခံစားသွားရအောင်၊ နာကျင်သွားအောင် ပြောဆိုဖို့ စဉ်းစားလိုက်တဲ့အခါ အဲ့ဒီလူရဲ့ ပုံပန်းသွင်ပြင်ကို ပထမဆုံး စဉ်းစားမိတတ်ကြပါတယ်။ အထူးသဖြင့် အဲ့ဒီလူရဲ့ အားနည်ချက်က ဘာဖြစ်မလဲဆိုတာကို စဉ်းစားတတ်ကြပါတယ်။ ပိန်ရင်ပိန်လို့၊ ၀ရင်ဝလို့ အပြစ်မရှိ အပြစ်ရှာပြောနေတတ်တဲ့ လူတွေနဲ့ ကြုံတဲ့အခါ သူတို့ပြောတဲ့ စကားလုံးတွေအောက်မှာ မရှုနိုင်မကယ်နိုင် ဖြစ်သွားမယ့်အစား သူတို့ကို ချက်ချင်းလက်ငင်း တုံ့ပြန်လိုက်တာက အကောင်းဆုံးပါပဲ။ ကိုယ်က ဘယ်လောက်ပဲ သည်းခံတတ်သူဖြစ်ပါစေ၊ ကိုယ်ဟာ ဘယ်လောက်ပဲ ၀၀ ၊ ဒါမှမဟုတ် ပိန်ပိန် ကျန်းမာရေးကောင်းနေသူဖြစ်ပါစေ တစ်ပါးသူက ခနဲ့သလို ရွဲ့သလို ပြောလာတဲ့အခါ ခေါင်းငုံ့ပစ်လိုက်မယ့်အစား သူတို့ပြောသလို ကိုယ်ဖြစ်မနေဘူး၊ အေးဆေးပဲ ဆိုတာကို ပြဖို့ ဒီစကားလုံးလေးတွေက ကူညီပေးပါလိမ့်မယ်။

၁။ ကိုယ်ဝတာ၊ ဖက်တီးဖြစ်တာက ရှင်တို့အပူဖြစ်နေလို့လား။ ရှင်တို့နဲ့များ သက်ဆိုင်နေလို့လား။
၂။ ဟုတ်တယ် ကျွန်မ ပိန်တယ်။ အဲ့တော့ ရှင့်အတွက် ဘာပြသနာဖြစ်သလဲ။
၃။ ကျွန်မက ပိန်တာတော့ မှန်ပါတယ်။ ရှင်တို့လိုတော့ မရိုင်းဘူး။
၎။ ဆောရီးနော်။ ကျွန်မမှာ ချစ်သူတောင်ရှိနေပြီရှင့်။
၅။ ကျေးဇူးပြုပြီးပြောပါရစေ။ ရှင်က ကျွန်မ ပရိသတ်များလားဟင်။ ဒါဆိုရင်လည်း ဒီနေ့တော့ ဓာတ်ပုံတွဲမရိုက်ပါရစေနဲ့။ အလုပ်ရှုပ်နေလို့ပါ။
၆။ကျွန်မ ၀တယ်ဆိုတာက ဘယ်အချိန်မဆို ၀ိတ်ပြန်လျှော့လို့ရတယ်။ ရှင်တို့ရဲ့ ရိုင်းစိုင်းတဲ့အကျင့်ကျတော့ ဘယ်လိုများ ပြင်နိုင်မှာလဲ။ တစ်သက်လုံး ဒီလိုအကျင့်နဲ့သွားမှာ မြင်ယောင်သေးတယ်။
၇။ လူတစ်ယောက်ကို ဝေဖန်ကဲ့ရဲ့တတ်တဲ့သူဆိုတာ ဘယ်လိုလူစားမှန်း ကျွန်မက သိတယ်ရှင့်။
၈။ ရှင် ချစ်တဲ့လူတွေအတွက်ပဲ အချိန်ပေးလိုက်ပါလား။ ဒါမှမဟုတ် ကျွန်မကို မနာလိုဖြစ်ပြီး လိုက်ပြောနေဦးမှာလား။ ရွေးပါဦး။
၉။ ကျွန်မက ၀ တယ်။ အဲ့ဒီတော့ ...?
၁၀။ တစ်ဦးတစ်ယောက်မှာ အငုံ့စိတ်လေး ၀င်နေပြီဆိုတာ ထင်ရှားနေပါပြီ။ ကျွတ် ကျွတ် ကျွတ်။
၁၁။ ကျွန်မက ကျွန်မနဲ့အဆင့်တူ လူတွေနဲ့သာ စကားပြောတယ်ရှင့်။
၁၂။ ရှင်ဒီလိုတွေပြောနေတာ ရှင့်အမေကတော့ ဂုဏ်ယူနေဦးတော့မှာပဲ။ (ရယ်လျှက်)
၁၃။ ကျွန်မက ခု ၀နေလည်း ပျော်တယ်။ ရှင်ရော ကျွန်မလိုပျော်သလား။ ပျော်တယ်လို့တာ့ ပြန်ပြောနိုင်မယ် မထင်ဘူး။
၁၄။ ရှင်ဘာတွေ ပြောနေတာလဲ။ ကျွန်မနားမလည်လို့။
၁၅။ အမျိုးသမီးတစ်ယောက်ဟာ သူဝတ်တဲ့ ဘောင်းဘီဆိုက်ဒ်ထက် အများကြီးတန်ဖိုးရှိတဲ့ လူတစ်ယောက်ဆိုတာ ရှင်သိပုံမရပါဘူး။
၁၆။ ဒီလိုခေတ်ကြီးမှာနေပြီး တခြားလူတွေကို ပိန်တယ်၊ ၀တယ်ပြောတဲ့လူရဲ့ အဆင့်အတန်းက ဘယ်လောက်နိမ့်ကျတယ်ဆိုတာ ရှင့်ကိုပြောလည်း နားလည်မယ့်ပုံမပေါ်ပါဘူး။
၁၇။ ကျွန်မက ကျန်းမာရေးကောင်းတယ်။ ရှင်တောင် ကျွန်မလောက်ကျန်းမာရေးကောင်းမယ်မထင်မိဘူး။

Sources: yourtango: Trend Myanmar


No comments:

Post a Comment