Latest News

Tuesday, January 31, 2017

ဦးကိုနီလုပ်ကြံမှု၏ထင်ရှားသောအချက်များ

ဦးကိုနီလုပ်ကြံမှု၏ထင်ရှားသောအချက်များ


၁-လူသတ်သမားကဦးကိုနီပြန်လာချိန်ကိုကြိုသိနေသည်။

၂- လူသတ်သမားတွင် ၉ မမ ပစ္စတို၊ ငါးလုံးပြူးနှင့်ကျည်ဆံများပါလာသည်။

၃- လမ်းတွင်အိမ်အဝင်တွင် လုပ်ကြံနိုင်ပါလျက် လုံခြုံရေးထူထပ်သောလေဆိပ်(ထင်မြင်ချက်)လူပုံအလည်
တွင်အေးအေးဆေးဆေးပစ်သတ်ခဲ့သည်။

၎- နောက်စေ့ကိုသေနတ်နှင့် ချိန်ထားသောပုံ FB တွင်တက်လာရာထိုပုံမှာcctvမဟုတ်။ ထို့ကြောင့်ဓာတ်ပုံ
ရိုက်ပေးသူပါလာသည်။

၅- ဦးကိုနီလဲကျနေသည်ကိုပြသည့်ဗီဒီယိုဖိုင်တွင်
ပြည်သူများသာရှိပြီးလေဆိပ်ဝန်ထမ်းတဦးမှမပါ။

၆- လူသတ်သမားကိုဝိုင်းဖမ်းသည့်လူ၅၀ခန့်တွင်
မျက်မြင်သက်သေ(ကိုကျော်ကျော်ထွေး၊ခိုင်ဘွားထူး)
ပြောပြချက်အရရဲတစ်ဦးမှမပါ။

၇- အခင်းဖြစ်ပြီးချိန်တွင်လေဆိပ်ရဲဟုယူဆနိုင်သူ တစ်ဦးကဝမ်းသာသည့်ပို့စ်ကိုရှယ်ထားသည်။

၈-လူသတ်သမားသည်ဘုရားခိုးရာဇဝတ်သားဖြစ်ပြီး
ယခင်အစိုးရ၏လွတ်ငြိမ်းချမ်းသာဖြင့်လွတ်ထားသူဖြစ်သည်။

၉- လုပ်ကြံမှုမဖြစ်မီတစ်ပါတ်ခန့်ကနိုင်ငံရေးပါတီကြီး
တစ်ခု၏ထိပ်တန်းခေါင်းဆောင်တဦးက NLD အစိုးရလက်ထက်တွင်လုံခြုံရေးဥပဒေများဖျက်သိမ်းလိုက်သဖြင့်လုံခြုံမှုမရှိတော့ကြောင်းပြောသည်။

၁၀- အလုပ်ကြံမခံရမီ အစိုးရသည်ပေးထားသည့်ကတိ
အတိုင်းခြေ/ဥပြင်ရန်လမ်းပြမြေပုံရေးဘို့အချိန်တန်ပြီ
ဖြစ်ကြောင်းဦးကိုနီပြောခဲ့သည်။

၁၁- လုပ်ကြံမှုပြီးချိန်တွင်ရုပ်သံလှိုင်းတစ်ခုမှ"သူ့ကျွန်မခံပြီ" ပြသည်။

၁၂- FB တွင်ဖြစ်စဉ်ရှုပ်ထွေးစေရန် သတင်းမှားတင်သူအများအပြားရှိသည်။

မှတ်ချက်။ ။ တရားလွှတ်တော်ရှေ့နေ|အထက်မြန်မာပြည်ရှေ့နေများကွန်ရက်| ဆရာဦးသိန်းသန်းဦး Facebook မှပြန်လည်ကူးယူဖော်ပြသည်။

ဂျာနယ်​လစ်​ မဂ္ဂဇင်း

No comments:

Post a Comment