Latest News

Saturday, January 7, 2017

(၂၀၁၇)မှာ ရေပန်းစားလာမယ့် ဆံပင်စတိုင်များ

(၂၀၁၇)မှာ ရေပန်းစားလာမယ့် ဆံပင်စတိုင်များ

(၂၀၁၇)ခုနှစ်မှာ ဘယ်လိုဆံပင်စတိုင်တွေရေပန်းစားလာနိုင်လဲဆိုတာ ကို  ပြောပြပေးချင်ပါတယ်။

(၁)ဖြောင့်စင်းတဲ့ဆံပင်

ဖြောင့်စင်းပြီး ချောမွေ့တောက်ပြောင်နေတဲ့ ဆံပင်ပုံစံဟာ (၂၀၁၇)ခုနှစ် မှာ ရေပန်းစားလာနိုင်ပါတယ်။ဒါဟာ (၂၀၁၇)အတွက် ကြီးမားတဲ့ ဆံပင်စ တိုင် ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီလိုပုံစံမျိုးဟာ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင်မျိုးနဲ့သာ လိုက်ဖက်နိုင်တဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။

(၂)မြင်းမြှီးပုံစံ ဆံပင်စည်းတဲ့စတိုင်

ဆံပင်ကို ဒီအတိုင်းရိုးရိုးစည်းတာမျိုး မဟုတ်ပဲ မြင်းမြှီးပုံစံ ခပ်မြင့်မြင့်လေးစီးတဲ့ ပုံစံမျိုး ခေတ် စားလာနိုင်ပါတယ်။ဒီလိုဆံပင်စည်းထားတဲ့ ပုံမျိုးကြောင့်ကြော့ရှင်း တဲ့ပုံစံမျိုးပေါက်နေမှာ ဖြစ်သလို စည်းရတာလည်း အလွန်လွယ်ကူပါတယ် ။ လျော့ရိလျော့ရဲမဟုတ်ပဲခပ်ကျပ်ကျပ်လေးစည်းထားပေးမှ မြင့်မြင့်လေးဖြစ်ပြီး ကြည့်ကောင်းနေမှာဖြစ်ပါတယ်။

(၃)အပြားလိုက်လှိုင်းဆံပင်ပုံစံ

အရမ်းကြွနေတဲ့ Waves တွေအရမ်းမများတဲ့ အပြားလိုက်လှိုင်းတွန့်ဆံပင် ပုံစံမျိုးခေတ်စား လာနိုင်ပါတယ်။Kendall Jenner ရဲ့ဆံပင်စတိုင်မျိုး ပါ။ဖြောင့်နေတဲ့ ဆံပင်သားပေါ်မှာမှ လှိုင်းတွန့်လေးတွေ ထည့်ပေးထားတာပါ။ ဆံပင်အောက်ပိုင်းမှာပဲ လှိုင်းလေးတွေ ပုံဖော်ရင်ရပါပြီ။


(၄)ဆံပင်အရှည်အဖြောင့်

အလွန်ရှည်တဲ့ ဆံပင်အရှည်အဖြောင့်ပုံမျိုးပါ။အနောက်နိုင်ငံတွေမှာတော့ ဒီလိုဆံ ပင်စတိုင်ကိုCher Hair စတိုင်လို့ခေါ်ကြပြီး၊ဒီလိုဆံပင်ပုံဆံမျိုးထားခဲ့ ဖူးတဲ့ အမေရိကန်အဆိုတော် Cher ကို ကိုယ်စားပြုပြီး ခုလိုခေါ်တာဖြစ်ပါတယ်။ ဒီလိုဆံပင်စတိုင်မျိုးကို Rihanna, Jourdan Dunn,နဲ့  Kardashians တို့လည်း ထားခဲ့ဖူးပါတယ်။



(၅)ဆံပင်အလှန်စတိုင်

အလွယ်ကူဆုံး ဆံပင်စတိုင်ပါ။ဆံပင်ကို တစ်ဖက်ကနေ တခြားတစ်ဖက်ကို လှန်တင်ထားတဲ့ ဆံပင်စတိုင်ဖြစ်ပါတယ်။


(၆)ရွှေရောင်ဆံပင်

ရွှေရောင်အဖျော့နဲ့အရင့်အရောင်တွေဟာ ရေပန်းစားလာနိုင်ပါတယ်။မျက်နှာအသားအရောင်ကို တောက်ပသွားစေမယ့် ဆံပင်အရောင်မျိုးဖြစ်ပါတယ်။အသား အရေအားလုံးနဲ့လည်းလိုက်ဖက်ပါတယ်။

Sources; harpersbazaar/Shwemom

No comments:

Post a Comment