Latest News

Monday, January 30, 2017

နာနတ်သီး နှင့် ကျန်းမာရေး

နာနတ်သီး နှင့် ကျန်းမာရေး



ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့  စုဝေးရာအရင်းအမြစ်လည်းဖြစ်ပါသည်။

၁။ နာနတ်သီး သည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်ပါသည်။ အထူးသဖြင့် အသီးအလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်းကျန်းမာရေးကိုကောင်းကျိုးပြုပါသည်။ အကိုက်အခဲပျောက်ဆေး(NSAIDs)များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက်ဖြစ်တတ်သော ရောင်ရမ်းနာကျင်မှုတို့ ကို ထိထိရောက်ရောက် သက်သာစေ ပါသည်။

သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ ခြင်းနှင့် ဆက်စပ်သောနှလုံးရောဂါများကို ကာကွယ်ဟန့် တား ပေးနိုင်ပါသည်။ သွေးလည်ပတ်စီးဆင်းမှုကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။ ဓမ္မတာရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေပါသည်။ ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေး ရောဂါများအပြင် ၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေပါသည်။ ခွဲစိတ်ခန်းဝင်ပြီးနောက် အနာကျက်အမြန်ကျက်စေရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီဆေးသုတေသီ များက တိုက်တွန်းထားကြပါသည်။

၂။ နာနတ်သီးသည် သဘာဝအစာအိမ်မှထွက်သောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာချေစံနစ်ကို တိုးတက်ကောင်းမွန် စေပြီး၊ ၀မ်းဖောဝမ်းယောငင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာ နှင့် လေပူထိုးခြင်းတို့ ကို သက်သာစေနိုင်ပါသည်။ ၀မ်းချုပ်ခြင်းမှ လည်းကာကွယ်ပေးပါသည်။

၃။ ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေပါသည်။ ချွဲသလိပ်ကျေစေပါသည်။

၎။ နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့ ၍ ကလေးများကိုကျွေးပါက၊ သံကျစေပါသည်။

၅။ နာနတ်သီးသည် လိမ္မောသီးကဲ့သို့ ပင် ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင်ဆိးုး ခြင်းကိုတိုက်ထုတ်ပေး ပါသည်။ သို့ သော် နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေပါသည်။

၆။ နာနတ်သီးထဲတွင် beta-carotene အမြောက်အများပါရှိသည့်အတွက် အမြင်အာရုံကိုကောင်းမွန်စေနိုင်ပါသည်။ နေ့စဉ် နာနတ်သီး တစ်ခွက်စာကို သုံးကြိမ်တိတိ ပုံမှန်စားခြင်းပေးခြင်းဖြင့် သက်လတ်ပိုင်း နှင့် သက်ကြီးပိုင်းရောက်သောအခါမှာ အမြင်လွှာ ယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆-ရာခိုင်နှုန်း ထိ လျော့နည်းပေးနိုင်ပါသည်။

၇။ သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးနိုင်ပါသည်။ ထို့ ပြင် သုတေသနမှတ်တမ်းများအရ၊ ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်သောက်ရင်း၊ နာနတ်သီး ကိုပါတွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေသည်ဆိုပါသည်။

၈။ နာနတ်သီးကို သီတင်းတစ်ပတ်လျှင် ၂-ကြိမ် ခန့် စားသုံးပေး သူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု အခွင့်အရေး အလွန်နည်းပါးပါသည်။

၉။ သွားဖုံးကျန်းမာ မှ သွားကျန်းမာမည်ဖြစ်ပါသည်။ ဗိုက်တာမင်စီကြွယ်ဝသည့် နာနတ်သီးစားသုံးပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း နှင့် သွားဖုံးရောဂါအမျိုးမျိုးတို့ ကို မဖြစ်ပေါ်စေဘဲ၊ နှစ်ရှည်လများ သွားဖုံးခိုင်ခန့် ကောင်းမွန်စေနိုင်ပါသည်။

၁၀။ နာနတ်သီးဖျော်ရည်ကို သဘောင်္သီး၊ နွားနို့ တို့ နှင့် တွဲသောက်ပါက၊ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် သံဓာတ်တို့  ကြွယ်ဝစွာရရှိ စေသည့်အတွက် ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစွာအထောက်အကူပြုပါသည်။ ဇရာကို အံတုမည့် ဖျော်ရည်အဖြစ် သောက်သုံးနိုင် ပါသည်။

၁၁။ နာနတ်သီးဖျော်ရည်ကို ငှက်ပျောသီး၊ နာနတ်သီး၊ နွားနို့ တို့ ဖြင့် တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးနိုင်ပါသည်။ ထို့ ပြင်ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အသားအရေအလှအပကို ကောင်းစွာ ပံ့ပိုးပေးပါသည်။

ဒေါက်တာအေးမင်းထူး

===========

SearchMyanmar

No comments:

Post a Comment