ဖခင်ဖြစ်သူ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတ တာဝန် ထမ်းဆောင်ချိန်မှာ ထရမ့် စီးပွားရေးအဖွဲ့အစည်းတွေ နဲ့ အခြား လုပ်ငန်းတွေက နေ ထွက်မယ်လို့ ဒေါ်နယ်ထရမ့်သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့် ကပြောပါတယ်။ သူမအနေနဲ့ ကုမ္မဏီလုပ်ငန်းတွေ ဒါမှမဟုတ်စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင် ပက်သက်မှာမဟုတ်ဘူးလို့ အိုင်ဗန်ကာ က သူမ ဖေဘွတ်က တဆင့်ကြေညာခဲ့ပါတယ်။ အိုင်ဗန်ကာ ထရမ့် ဟာ သူမ စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်စေဖို့ အေဘီဂေါ ကေလမ်ကို ဥက္ကဌအဖြစ်ခန့်အပ်သွားမယ်လို့ ပြောပါတယ်။
အေအီဂါ သာ သူမ ရဲ့ ကုမ္မဏီကို ဦးဆောင်နိုင်မယ်ဖို့ ယုံကြည်တယ်လို့ အိုင်ဗန်ကာထရမ့်က ပြောပါတယ်။ သူမ အကို ဖြစ်သူ က ထရမ့် စီးပွားရေး လုပ်ငန်းစုတွေကို ကြီးကြပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အိုင်ဗန်ကာ ရဲ့ခင်ပွန်းဖြစ်သူ ဂျာရက်ဒ် ဟာ သမ္မတ ရဲ့ထိပ်တန်းအကြံပေးတာဝန်ထမ်းဆောင်ရမှာဖြစ်တာကြောင့် မီသားစုလိုက် ၀ါရှင်တန်မြို့ကို ပြောင်းရွေမှာဖြစ်ကြောင်း၊ သူမအနေနဲ့ သားသမီး သုံးယောက်ရဲ့ ကျောင်း ကိစ္စနဲ့ အိမ်ကိစ္စတွေကိုတာဝန်ယူ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ အိုင်ဗန်ကာ ထရမ့်က ပြောပါတယ်။
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်။
Thursday, January 12, 2017
ဒေါ်နယ်ထရမ့် ရဲ့ သမီးဖြစ်သူ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်မှာ မဟုတ်ဘူးလို့ ဆို
ဒေါ်နယ်ထရမ့် ရဲ့ သမီးဖြစ်သူ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်မှာ မဟုတ်ဘူးလို့ ဆို
Reviewed by timeayeyar
on
4:44 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment