Latest News

Tuesday, January 17, 2017

ဦးကျော်ဟိန်းရဲ့ လမ်းကြောင်းကို သဘောကျလို့ ဦးကျော်ဟိန်းဇာတ်ကားတွေ ပြန်ရိုက်မယ့် အကယ်ဒမီ စိုးမြတ်သူဇာ

ဦးကျော်ဟိန်းရဲ့ လမ်းကြောင်းကို သဘောကျလို့ ဦးကျော်ဟိန်းဇာတ်ကားတွေ ပြန်ရိုက်မယ့် အကယ်ဒမီ  စိုးမြတ်သူဇာ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

အကယ်ဒမီစိုးမြတ်သူဇာက ဦးကျော်ဟိန်းရိုက်ကူးအောင်မြင်ခဲ့တဲ့ ပရိုဂျူဆာနီတိုး ဇာတ်ကားကို သဘောကျခဲ့လို့ ပရိုဂျူဆာမကြီးစိုး ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့တာလို့ ဆိုပါတယ်။ဦးကျော်ရဲ့လမ်းကြောင်းကိုသဘောကျတယ်၊ သူကလဲ ကာရိုက်တာကို ဦးစားပေးတဲ့သူလေ၊ ဦးကျော်ကားတွေကို ပြန်ရိုက်ချင်တယ်ဆိုတာက သူ့ကားတွေကကောင်းတာကိုး၊ မကြီးကလဲ မိန်းမဖြစ်နေတယ် ဒါပေမဲ့ အသက်ကတော့ကြီးလာပြီလေ၊ ဒီအလုပ်ကိုပဲ ဆက်လုပ်နေဦးမယ်ဆိုရင် ဒီအတိုင်းကြီးသွားတာထက်စာရင် ကာရိုက်တာလေးတွေကို အဲဒီလိုရိုက်ရင်ကောင်းမယ်လို့ တွေးမိတယ်၊ မကြီးရဲ့ မြင်ဆရာ ဦးကျော်ကို ပထမဆုံးပြေးမြင်တာပဲ၊ သူလျှောက်သွားတဲ့လမ်းလေးက မကြီးတို့ အဆင်သင့်လျှောက်ရုံလေ၊ အဲဒါလေးတွေကို ပြုပြင်ပြီးကိုယ်နဲ့လိုက်ဖက်ညီ အောင် စဉ်းစားနေတယ်လို့ မကြီးစိုးက သူ့ရဲ့စိတ်ကူးကိုရှင်းပြပါတယ်။

အဆိုပါ ပရိုဂျူဆာ မကြီးစိုးရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ပုံဖော်ရိုက်ကူးပေးခဲ့ပြီး ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးခဲ့တယ်လို့ သိရတယ်။

ပရိုဂျူဆာနီတိုးဆိုပြီး ဦးကျော်ဟိန်းအောင်မြင်ခဲ့တဲ့ ကားကိုသဘောကျခဲ့တာကြောင့် ပရိုဂျူဆာ မကြီးစို ဆိုပြီးရိုက်ရင်ကောင်းမှာပဲလို့ ဒါရိုက်တာ ပြည်ဟိန်းသီဟကိုပြောပြခဲ့တယ်။

ကျွန်မ ဆန္ဒကိုနှစ်သစ်မှာ မင်္ဂလာရှိစွာဖြည့်ပေး ခဲ့တဲ့ သားကိုပြည်ဟိန်းနဲ့ ပါဝါကင်းရုပ်ရှင်ကိုအ ထူးကျေးဇူးတင်ပါတယ်ရှင်။ ပျော်ရွှင်ကြည်နူးခဲ့ရလို့ပါ။ သည်ကားမှာ ကျွန်မပရိသတ်တွေအတွက် အမြင်ဆန်းအောင် ဒါရိုက်တာ အရုဏ်ဦး  ကိုဇော်ရဲ့ ချစ်ဇနီးမသီတာရဲ့ စတိုင်နဲ့ သရုပ်ဆောင်ထားပါတယ်။

ပရိုဂျူဆာ မကြီးစိုးက အလွန်ကပ်စေးနှဲပေမဲ့ ဒါရိုက်တာကတော် မသီတာစိုးကတော့ လုံးဝကပ်စေးမနှဲပါဘူး။ ကျွန်မက သူ့ပုံစံကိုပဲယူထားတာပါလို့ မကြီးစိုးကသူ့ရဲ့ဖေစ့်ဘုတ်ခ်စာမျက်နှာပေါ်မှာ ရေးသား ထားတာကိုလည်းတွေ့ရပါတယ်။

လတ်တလောမှာတော့ အကယ်ဒမီ စိုးမြတ်သူဇာက ရွှေပင်ဆင့်ရုပ်ရှင်ထုတ်လုပ်ရေးက ပွဲဦးထွက်ရိုက်ကူးတဲ့ သမက်တော်ကွက်ကျော် ရုပ်ရှင်ဇာတ်ကားနဲ့ ယောကျာ်းဆိုလာထားရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးနေပါတယ်။

Sources: ခတ္တာဖြူ /ကုမုဒြာ

No comments:

Post a Comment