Latest News

Friday, January 27, 2017

ပုဂံနေဝင်ချိန် ရှုခင်းကြည့်ဖို့ တောင်ကုန်းငါးခုတည်ဆောက်မယ်

ပုဂံနေဝင်ချိန် ရှုခင်းကြည့်ဖို့ တောင်ကုန်းငါးခုတည်ဆောက်မယ်

သဘာဝရေကန်တွေကို ဆယ်ယူပြီး တောင်ကုန်းအဖြစ် ပြုလုပ်သွားမှာပါ။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲက စေတီပုထိုးတွေပေါ်ကိုတက်ပြီး  နေ၀င်ချိန်ကြည့်ရှုတာကို ပိတ်ပင်တော့မှာဖြစ်လို့ နေ၀င်ချိန်ုကို ကြည့်ရှုဖို့ တောင်ကုန်းငါးခုအ စားထိုး တည်ဆောက်ပေးသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက 7Day Daily သတင်းစာကို ပြောပါတယ်။

နေ၀င်ချိန်ကြည့်ရှုဖို့ ဒီလိုတောင်ကုန်းတွေ တည်ဆောက်ရာမှာ တောင်ကုန်းအတုတွေ ဖန်တီးပေးမှာမဟုတ်ဘဲ သဘာဝရေကန်တွေကို ဆယ်ယူပြီး တောင်ကုန်းအဖြစ် ပြုလုပ်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

‘‘အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးက စေတီပုထိုးတွေပေါ်တက်ပြီးမှ နေ၀င်ချိန်ရှုခင်းကြည့်တာကတော့ ကန့်သတ်ရမယ်။ လျှော့ချသွားရ မယ်။ နောင်လုံးဝမရှိအောင် လုပ်ရမယ်လို့ လမ်းညွှန်သွားပါတယ်။ အဲဒီအခါမှာ တောင်ကုန်းလေးတွေ ဆောက်ရပါမယ်။ ပုဂံမှာ သဘာဝရေကန်တွေရှိပါတယ်။ အဲဒီရေကန်တွေက ကောနေပါပြီ။ အဲဒီကန်တွေကို ပြန်ဆယ်မယ်။ ဆယ်လိုက်တဲ့အခါကျတော့ ခုန မြေဇာတွေက တောင်ကုန်းဖြစ် လာပါမယ်။ ပတ်ဝန်းကျင်နဲ့ သဟ ဇာတဖြစ်အောင် လုပ်ပါမယ်။ မြက်စိုက်တာတွေ ဘာတွေလုပ်ပါ မယ်။

အဲဒီတောင်ကုန်းတွေအ တွက် ဘဏ္ဍာငွေလည်းရှိပါပြီ။ အဲဒီတောင်ကုန်းတွေမှာပဲ အမှိုက် သိမ်းတဲ့စနစ်တွေ၊ စားသောက် ဆိုင်တွေ၊ အိမ်သာတွေက အစပါမယ်’’လို့ သူရဦးအောင်ကိုက ပြောပါတယ်။

ရေကန်တွေကို ဆယ်ယူပြီး တောင်ကုန်းတွေတည်ဆောက်ပေးဖို့အတွက် ယူနက်စကိုကလည်းသဘောတူထားပြီး ရေကန်တစ်ခုစတင်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စေတီပုထိုးတွေပေါ်ကိုတက်ပြီး နေ၀င်ချိန်ကြည့်ရှုရာမှာ ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးစေလို့ ရေရှည်မှာ ခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၄ ရက် ပုဂံမြို့ကိုရောက်တဲ့အချိန်မှာ ပြောကြားထားပါတယ်။

 လက်ရှိမှာ နေ၀င်ချိန်ကြည့်ရှုဖို့ ရွှေဆံတော်၊ ပြာသာဒ်ကြီးနဲ့ တောင်ဂူနီစတဲ့ ဘုရားသုံးဆူ ကိုပဲ ခွင့်ပြုပေးထားပြီး ပုဂံဒေသကို တစ်ရက်လျှင် ကမ္ဘာလှည့်ခရီးသွား တစ်ထောင်ပတ်ဝန်းကျင် လာရောက်နေတယ်လို့ သိရပါတယ်။

Source : 7DayDaily : Duwun

No comments:

Post a Comment