Latest News

Tuesday, January 17, 2017

၂၀၁၅ နောက်ပိုင်း မွေးသူအားလုံးကို ဆေးလိပ်မရောင်းမယ့် ရုရှားနိုင်ငံရဲ့ အစီအစဉ်

၂၀၁၅ နောက်ပိုင်း မွေးသူအားလုံးကို ဆေးလိပ်မရောင်းမယ့် ရုရှားနိုင်ငံရဲ့ အစီအစဉ်


၂၀၁၅ နောက်ပိုင်း မွေးသူအားလုံးကို စီးကရက်လုံးဝမရောင်းမယ့် အစီအစဉ်ကို ရုရှားကျန်းမာရေးဝန်ကြီးဌာနက ချပြခဲ့ပြီး အဆိုပါ အစီအစဉ်ဟာ သမ္မတဗလာဒီမာ ပူတင်ရဲ့ ထောက်ခံချက်လည်း ရရှိထားတယ်လို့ သိရပါတယ်။

အစီအစဉ်သာ အမှန်တကယ်ဖြစ်လာခဲ့ရင် ရုရှားနိုင်ငံဟာ ဆေးလိပ်သောက်သုံးခြင်းကို လုံးဝပိတ်ပင်လိုက်တဲ့ ကမ္ဘာပေါ်က ပထမဆုံးနိုင်ငံဖြစ်လာမှာပါ။  ဥပဒေအဖြစ် အတည်ပြုမယ်ဆိုရင် ၂၀၁၅ မွေးသူတွေဟာ တစ်နှစ်သားအရွယ်ခန့်သာ ရှိဦးမှာ ဖြစ်တာကြောင့် ၂၀၃၃ မှ အသက်ဝင်မှာ ဖြစ်ပါတယ်။

 ဒီလို ရည်မှန်းချက်မျိုးဟာ အယူအဆအရ မှန်ကန်ပေမဲ့ ဥပဒေအဖြစ်အသက်သွင်းနိုင်ပ့ါမလားဆိုတာကတော့ မသေချာဘူးလို့ ရုရှားလွှတ်တော်ရဲ့ ကျန်းမာရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နီကိုလိုင်ဂါရာစီမန်ကိုက ပြောကြားထားပါတယ်။ ယခုလို တားမြစ်မှုဟာ လေးနက်တဲ့ ချင့်ချိန်သုံးသပ်မှုတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေလိုမှာဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။

Photos & Source: Zee News/ Duwun

No comments:

Post a Comment