Latest News

Wednesday, January 11, 2017

ဘုရင့်နောင် ပွဲရုံနှင့် ကုန် တင်ယာဉ် ရပ်နားစခန်းအတွင်း ၁၆ရက်နေ့ စကာအရေးယူမှုတွေလုပ်မယ်

ဘုရင့်နောင် ပွဲရုံနှင့် ကုန် တင်ယာဉ် ရပ်နားစခန်းအတွင်း ၁၆ရက်နေ့ စကာအရေးယူမှုတွေလုပ်မယ်

ရန်ကုန် ၊ဇန်န၀ါရီ ၁၁။ ။ ရန်ကုန် မြို့ ဘုရင့်နောင် ပွဲရုံနှင့် ကုန်
တင်ယာဉ် ရပ်နားစခန်းအတွင်း ။ဥပဒေပြင်ပ လုပ်ကိုင်နေမှုတွေကို ဇန်နဝါရီ၁၆ ရက်နေ့မှ စတင်ကာ ပူးပေါင်းအဖွဲ့များနှင့် ဥပဒေအရ အရေးယူ ရှင်းလင်းသွားမယ်လို့  ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်း ကပြောပါတယ်။

ထိုသို့ဆောင်ရွက်ရာမှာ ပထမ အဆင့် အနေဖြင့် အဆိုပါနယ်မြေအတွင်း ယာဉ်ကြောရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်ခြင်း ၊ ဒုတိယ အဆင့်အနေဖြင့် စည်းကမ်းမဲ့ပျံကျ ဈေးသည်များ ပစ္စည်းစုပုံ သူများအား စည်းကမ်းထိန်းသိမ်းခြင်းများကို ပြုလုပ်သွားမယ့်အပြင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ဒုစရိုက်လုပ်ငန်းများ ပပျောက်ရေးတို့ကို ဆောင်ရွက်သွားမှာလို့  သိရပါတယ်။

ရန်ကုနိမြို့ ဘုရင့်နောင် ပွဲရုံနှင့် ကုန်တင်ယာဉ် ရပ်နားစခန်းအတွင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနိုင်း အစည်းအဝေးကို အဆိုပါ ပွဲရုံဝင်းအတွင်းရှိ ကုန်စည်ဒိုင်အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပြီး ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

Sources & Photo ကိုမျိုးခိုင်/Kumudra

No comments:

Post a Comment