Latest News

Monday, January 23, 2017

ပညာရေးဘတ်ဂျက်သုံးစွဲမှု စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှု လိုအပ်

ပညာရေးဘတ်ဂျက်သုံးစွဲမှု စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှု လိုအပ်

အခမဲ့ ပညာရေးစနစ်ကိုလည်း လာမယ့်ပညာသင်နှစ်မှာ အလယ်တန်းအဆင့်အထိ တိုးမြှင့်နိုင်ဖို့ ဆောင်ရွက်ပေးစေလိုတယ်။

နေပြည်တော်၊ ဇန်နဝါရီ ၂၃ - လာမယ့် ဘတ်ဂျက်နှစ်မှာ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက် တိုးမြှင့်ဖို့ လွှတ်တော်မှာ ပြဋ္ဌာန်းထားသလို သုံးစွဲတဲ့နေရာမှာလည်း ပညာရေးအတွက် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ လို အပ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

NNER (National Network for Education Reform)က ဒေါ်ညိုညိုသင်းက“အမျိုးသားပညာရေးဥပဒေမှာကတော့ ပညာရေးဘတ်ဂျက်ကို တိုးမြှင့်မယ်လို့ ပြောထားပြီးသားပဲ၊ လွှတ်တော်မှာလဲ ပြဋ္ဌာန်းထားတယ်၊ ဒါပေမဲ့  ပညာရေးအတွက် ဘတ်ဂျက်ကိုသုံးတဲ့အခါမှာ များ သောအားဖြင့်ပညာရေးဝန်ကြီးဌာနကအဆောက်အအုံဆောက်လုပ်တဲ့အပိုင်းမှာပဲ သုံးတာများတယ်လေ၊ အဲဒီလိုသုံးတာကလဲ သုံးတာပေါ့လေ၊ ဒါပေမဲ့ ပညာရေးမြှင့် တင်တဲ့ စီမံကိန်းတွေမှာလဲ သုံးစွဲသင့်တယ်၊ တိုးမြှင့်သုံးစွပမဲ့ ပြည်သူလူထုအတွက် အကျိုးမရှိရင် အလကားပဲလေ၊စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာသုံးစွဲဖို့ ဖြစ်သင့်တာပေါ့”လို့ ပြောပါတယ်။

လက်ရှိ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ်မှာလည်း ပညာရေးကဏ္ဍအတွက် ဘတ် ဂျက်ကို ဘီလျံကျပ် ၁၈၀ဝ ကျော် သုံးစွဲခဲ့ပြီး အရင်နှစ်တွေကထက် ပိုမိုသုံးစွဲထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ပညာရေး ကဏ္ဍမှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေ သိပ်မရှိခဲ့ဘူးလို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့ (အထ က-၂) ကျောင်းမှ အထက်တန်းပြဆရာဦး မြင့်ထွန်းက“ပညာရေးအတွက် လာမယ့် နှစ်မှာ ဘတ်ဂျက်တိုးဖို့ ပြဋ္ဌာန်းထားတယ် ဆိုပေမဲ့ ဆရာတို့အတွက်ကတော့ စစ်မှန်တဲ့ ပညာရေးကို အကောင်အထည်ဖော်ဖို့ပဲ လိုချင်တယ်၊ အခုဆိုရင် တော်တော်များ များကျောင်းသားတွေက စာတွေ့ပဲ သင်ကြရတာများတယ်၊ ပြောရရင် သင်ထောက် ကူပစ္စည်းလေးတွေ သုံးနိုင်ဖို့ပေါ့၊ ပညာရေး ကဏ္ဍမှာ လိုအပ်တာတေ∑ကတော့ အ များကြီးပဲပေါ့၊ ဒါကြောင့် ဘတ်ဂျက်သုံးစွဲရာမှာလဲ အမှန်တကယ်လိုအပ်တဲ့ ကဏ္ဍတွေမှာပဲ သုံးစွဲစေချင်တယ်”လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ဟာ နိုင်ငံရေးအခြေအနေပြောင်းလဲမှုရှိ လာပေမဲ့လည်း ပြည်သူတွေ မျှော်လင့်ထားသလောက်တော့ သိသိသာသာ ပြောင်းလဲမှုယခုချိန်အထိမရှိသေးဘူးလို့ ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ပါ တယ်။ ဒါ့အပြင် ပညာရေးနဲ့ ပတ်သက်ပြီး အရင် ဥပဒေ၊ အရင်မူတွေနဲ့ပဲ သွားနေဆဲ ဖြစ်တာကြောင့် နိုင်ငံရေးအခြေအနေ ပြောင်းလဲလာတာနဲ့အမျှနိုင်ငံရေးနဲ့ လျော်ညီတဲ့ ပညာရေးစနစ်ကိုလည်း လက် ရှိအချိန်အထိ အကောင်အထည်ဖော်နိုင် ခြင်း မရှိသေးဘူးလို့ သုံးသပ်ကြပါတယ်။

ဒါကြောင့် လာမယ့် ၂၀၁၇-၂၀၁၈ ခု နှစ် ဘတ်ဂျက်နှစ်မှာ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်ကို အသုံးချတဲ့အခါမှာ အမှန်တကယ် အကျိုးရှိမယ့်နေရာတွေမှာ စိစစ်အသုံးပြုကြဖို့ လိုအပ်ပြီး အခမဲ့ ပညာရေးစနစ်ကိုလည်း လာမယ့် ပညာသင်နှစ်မှာ အလယ်တန်းအဆင့်အထိ တိုးမြှင့်နိုင်ဖို့ ဆောင်ရွက်ပေးစေလိုတယ်လို့ ပညာရေး အသိုင်းအဝိုင်းက သိရပါတယ်။

ဒါ့အပြင် ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်အသုံးပြုရာမှာ အမျိုးသားပညာ ရေးဥပဒေပုဒ်မ ၆၃(က) အရ စည်းမျဉ်းစည်းကမ်းနဲ့အညီ သုံးစွဲပြီး အများပြည်သူ ထင်သာမြင်သာရှိစေဖို့ သုံးစွဲရမည်ဆိုတဲ့သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ဖို့ အထူးလိုအပ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

Sources: မာရီခိုင် ( ကုမုဒြာ )

No comments:

Post a Comment