ဇော်ပိုင်သားလေး ရွှေပိုင်ရဲ့ ၅နှစ်ပြည့်မွေးနေ့
အနုပညာရှင်များစွာ တက်ရောက်အားပေးခဲ့ပါတယ်။
အဆိုတော် ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ရဲ့ တစ်ဦးတည်းသော သားလေး ရွှေပိုင်ရဲ့ ၅နှစ်ပြည့် မွေးနေ့ကို ဇန်နဝါရီ(၂၅)ရက်နေ့ ည(၇)နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် Pool Side မှာ ကျင်းပခဲ့ပါတယ်။ ဇန်နဝါရီ(၂၅)ရက်နေ့မှာ ကျရောက်တဲ့ ရွှေပိုင်လေးရဲ့ မွေးနေ့တွင် ဖခင်ဖြစ်သူ ဇော်ပိုင်၏ အနုပညာရှင် ညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ကြပြီး မွေးနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
"သားလေးကိုထူးချွန်ထက်မြတ်တဲ့ ပညာတတ်တဲ့ သားလေးတစ်ယောက်ဖြစ်စေချင်တယ်။ သူငယ်ငယ်တစ်နှစ်တုန်းကစ မွေးနေ့စ လုပ်တယ်။ ၃နှစ်တုန်းကလည်း လုပ်ပေးဖြစ်တယ်။ အခု ၅နှစ်ပြည့်က သူပိုပြီးသိလာပြီပေါ့။ သားလေးကို ချစ်ခင်ပေးကြ သူတွေကို လည်းအထူးကျေးဇူးတင်ပါတယ်"လို့ ဖခင်ဖြစ်သူဇော်ပိုင်က ပြောပါတယ်။
ဇော်ပိုင်ဟာပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ အခြားအဆိုတော် ၁၁ ဦးနဲ့အတူ အဖွဲ့လိုက်သီချင်းခွေတစ်ခွေ ထွက်ရှိထားပါသေးတယ်။ Immortal ဒိုင်ယာရီ လို့အမည်ပေးထားတဲ့ အဆိုပါအခွေမှာ စည်သူလွင်၊ ဇော်ပိုင်၊ ဖိုးကာ၊ ဟဲလေး၊ဝေလ၊ ဇွဲပြည့်၊ ယုဇန၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ပိုပိုဟေသာတို့ပါဝင်ပြီး အဆိုတော်တစ်ဦးကို သီချင်းတစ်ပုဒ်စီ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။
Sources: : 8Day
ေ
ဖ့စ်ဘွတ် DUWUN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment