Latest News

Tuesday, January 31, 2017

ဦးကိုနီအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီချုပ်အမတ်များ ဖဲကြိုးနက်တပ်ဆင်၍ လွှတ်တော်တက်

ဦးကိုနီအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီချုပ်အမတ်များ ဖဲကြိုးနက်တပ်ဆင်၍ လွှတ်တော်တက်


အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံ ပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်ဖြစ်စဉ်အ ပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်အများစုက ဖဲကြိုးနက်တပ် ဆင်၍ ဇန်နဝါရီ ၃၀ ရက်၌ ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇန်နဝါရီ ၂၉ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥပဒေအကြံပေး ဦးကိုနီကို သေနတ်သမားတစ်ဦးက အနီး ကပ်လုပ်ကြံပြီး လုပ်ကြံသူအား ဝိုင်းဝန်း ဖမ်းဆီးခဲ့သည့် အငှား ယာဉ်မောင်း တစ်ဦးလည်း အ သက်ဆုံးရှုံးကာ ယင်းဖြစ်စဉ်အ ပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဖဲကြိုးနက် တပ်ဆင်ခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်က ပြောသည်။

‘‘မနေ့က ကွယ်လွန်ခဲ့ကြရ တဲ့ ပုဂ္ဂိုလ်တွေဟာ ဖြစ်သင့်ဖြစ် ထိုက်တဲ့ ပုံစံမျိုးနဲ့ ကွယ်လွန်ခဲ့ကြ ရတာမဟုတ်တဲ့အတွက် ပုဂ္ဂိုလ် တစ်ဦးချင်းစီအရလည်း ဝမ်းနည်း ဖို့ကောင်းတယ်။ နောက်ပြီး ဦးကို နီလို ပုဂ္ဂိုလ်မျိုးဆိုလည်း သူတတ် ကျွမ်းထားတဲ့ ဥပဒေပညာရပ်အ ပေါ်မူတည်ပြီး နိုင်ငံတော်အတွက် တစိုက်မတ်မတ် ကူညီဆောင် ရွက်ပေးခဲ့တဲ့၊ စွမ်းဆောင်ရည်ရှိ တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အ တွက် နှမြောစရာကောင်းတယ်။ နောက်ပြီး ကူညီရင်းနဲ့ အသက် ပေးခဲ့ရတဲ့ ဦးနေဝင်းလို ပုဂ္ဂိုလ်မျိုး၊တခြားဒဏ်ရာရခဲ့တဲ့ ပုဂ္ဂိုလ်တွေ အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဝမ်း နည်းစရာကောင်းတယ်’’ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။ဦးကိုနီ လုပ်ကြံခံရခြင်းသည် ပါတီအတွက်သာမက နိုင်ငံတော် အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးကို အထူးကြပ်မတ်ထားသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက မှတ်ချက်ပြုသည်။

 ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသည့် Senior Leadership Program လေ့လာ ရေးခရီးစဉ်မှအပြန် ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ် Terminal 1 ထွက်ပေါက်အနီး တွင် အကြမ်းဖက်သမားတစ်ဦး၏ အနီးကပ်ပစ်သတ်ခြင်း ခံခဲ့ရ သည်။ ယင်းအကြမ်းဖက်သမား ထွက်ပြေးသည်ကို လေဆိပ်ရှိ အငှားယာဉ်မောင်းများက လိုက်လံဖမ်းဆီးစဉ် အသက် (၄၈)နှစ်အရွယ် ဦးနေဝင်းသည် အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့သည်။



7Day News Journal


No comments:

Post a Comment